အဓိဌာန်အောင်လောကဥသျှောင် ဘေးရန်ကာမြတ်စွာဘုရား သက္ကရာဇ် ၁၃၈၅ ခုနှစ် ပြာသိုလဆန်းတွင် စေတီတော်မြောက်ဘက်ခြေတော်ရင်းရှိ နေလတိုက်ကျောင်းဆရာတော် ဘဒ္ဒန္တာတေဇိန္ဒမှ ကိုယ်တော်တိုင်စောင့်ကြပ်ကြည့်ရှုထုလုပ်ပူဇော်ထားရှိသည့် ဉာဏ်တော် ၉’ အမြင့်ရှိသည့် ကျွန်းနက်ဆင်းတုတော် “အဓိဌာန်အောင်လောကဥသျှောင် ဘေးရန်ကာမြတ်စွာဘုရား” ကို ဘုရားဖူးလာသူအားလုံး ဖူးမြော်ကြည်ညိုကုသိုလ်ယူနိုင်ရန် အဓိဌာန်အောင်ဆုများတောင်းနိုင်ရန် ရှုခင်းသာတန်ဆောင်းတော် အတွင်း၌ ပူဇော်ခံထားခြင်း ဖြစ်ပါသည်။