အာရုံခံတန်ဆောင်းများ

တန်ဆောင်းများ

ကျိုက်ခေါက်စေတီတော်ရောက်ရှိသည်နှင့် ကား၀င်းမှစက်လှေကားတက်ကာ ၊ ဓါတ်လှေကားခြေရင်းရောက် သည့်အခါ 

အေးမြရိပ်မွန်ရေတံခွန်ရူခင်းသာကို ကြည်နူးစွာကြည့်ရှုခံစားရမည့် ဖြစ်ပါသည်။ ရင်ပြင်တော်ရောက်ရှိသည်နှင့် ရွှေရောင်၀င်း၀ါတင့်တယ်လှသည့် ဥာဏ်တော် ၂၂၄’.၆” နှစ်သက်တမ်း ၂၃၀၀ ကျော်ရှိပြီဖြစ်သည့် ရှေးဟောင်းသမိုင်း၀င်ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်ကို လက်ယာရစ်လှည့်မည်။

  • သုဒ္ဓိယု၀ အထူးအာရုံခံတန်ဆောင်း
  • ဓါတ်ပုံသမိုင်းပြခန်းနှင့်ဦးဘချိုတန်ဆောင်း
  • ကျွန်းတိုင်ကြီး ၄ လုံး၊ မြန်မာမှုများနှင့်အရှေ့အာရုံခံတန်‌ဆောင်း
  • ဂျာမာန်တန်ဆောင်း(ခေါ်)အလှူခံဌာန
  • နှစ်ရာကျော်တံခွန်တိုင်နှင့်နှစ်ရာပြည့်လျောင်းတော်မူတန်ဆောင်း
  • ဘုရင့်နောင်မင်းအောင်မြေနင်းကာ လှူဒါန်းထားသည့် ဆင်ရုပ်ခံကျောက်ထီး
  • ကျိုက်ခေါက်စေတီတော်ရောက်ရှိသည်နှင့် ကား၀င်းမှစက်လှေကားတက်ကာ ၊ ဓါတ်လှေကားခြေရင်းရောက် သည့်အခါ …..
  • အေးမြရိပ်မွန်ရေတံခွန်ရူခင်းသာကို ကြည်နူးစွာကြည့်ရှုခံစားရမည့် ဖြစ်ပါသည်။ ရင်ပြင်တော်ရောက်ရှိသည်နှင့် ရွှေရောင်၀င်း၀ါတင့်တယ်လှသည့် ဥာဏ်တော် ၂၂၄’.၆” နှစ်သက်တမ်း ၂၃၀၀ ကျော်ရှိပြီဖြစ်သည့် ရှေးဟောင်းသမိုင်း၀င်ဆံတော် ရှင် ကျိုက်ခေါက်စေတီတော်ကို ဖူးမြှော်ကာ လက်ယာရစ်လှည့်မည်…
  • သုဒ္ဓိယု၀ အထူးအာရုံခံတန်ဆောင်း
  • ဓါတ်ပုံသမိုင်းပြခန်းနှင့်ဦးဘချိုတန်ဆောင်း
  • ကျွန်းတိုင်ကြီး ၄ လုံး၊ မြန်မာမှုများနှင့်အရှေ့အာရုံခံတန်‌ဆောင်း
  • ဂျာမာန်တန်ဆောင်း(ခေါ်)အလှူခံဌာန
  • နှစ်ရာကျော်တံခွန်တိုင်နှင့်နှစ်ရာပြည့်လျောင်းတော်မူတန်ဆောင်း
  • ဘုရင့်နောင်မင်းအောင်မြေနင်းကာ လှူဒါန်းထားသည့် ဆင်ရုပ်ခံကျောက်ထီး
သက္ကရာဇ် ၁၂၆၀ ခုနှစ်က ကျောက်တန်းမြို့နယ် သီလဝါကျေးရွာနေ တန်ဆောင်းအမကြီး ဒေါ်ခိုဥပြုပြင်တည်ဆောက်လှူဒါန်းခဲ့သည့် တန်းဆောင်တော် စောင်းတန်းထိပ်တွင် ၁၂၇၃ ခုနှစ်၌ ဆံတော်ရှင်၏ ဘဏ္ဍာတော်ထိန်းလူကြီး ဦးဖန်လေး ဇနီးဒေါ်သစ် သားသမီးတစ်စုတို့က ခြင်္သေ့ရုပ်တုနှစ်ကောင်ကို ဆောက်လုပ် လှူဒါန်းထားခဲ့ပါသည်။ စောင်းတန်းလေးသွယ်တွင် မတ်စောက်မြင့်မားသည့် စောင်းတန်းဖြစ်ပါသည်။ ၁၂၈၉ ခုနှစ်တွင် တောင်ဘက်အာရုံခံတန်းဆောင်းတော်ကို ဒေါ်ခိုဥ မိသားစုကပင် တတိယအကြိမ်မြောက် ပြုပြင်မွမ်းမံဆောက်လုပ်ခဲ့ပါသည်။ မြန်မာမှုလက်ရာအပြည့်ပါပြီး ကောကာဂံမြတ်စွာဘုရားအပါ ရုပ်ပွါးတော်ပေါင်း (၁၈)ဆူ သီတင်းသုံးစံပါယ်တော်မူလျက်ရှိပါသည်။

သက္ကရာဇ် ၁၂၇၁ ခုနှစ်တွင်၊ ကျောက်တန်းမြို့မှ ဦးရွှေဇံ + ဒေါ်တူနှင့် သားကိုထွန်းလင်းတို့က သထုံမင်းများနှင့် အနော်ရထားမင်းကစ၊ မင်းအဆက်ဆက်တည်ဆောက်ပြုပြင်ခဲ့ကြသော အရှေ့ဘက်စောင်းတန်းကို ခြ‌‌င်္သေ့ရုပ်နှစ်ကောင်နှင့် အသစ်ပြန်လည်တည်ဆောက်နေဆဲတွင် သက္ကရာဇ် ၁၂၉၃ ခုနှစ်၌သန်လျင်မြို့သူဌေးကွင်းရွာ၊ ဒေါ်လှမယ်သားဦးဘိုးညွန့်၊ ဦးဘိုးဟန်၊ သမီးမဝါတို့က၊ အရှေ့စောင်းတန်းမုခ်ဦး၊ ဘုံပြာသာဒ်၊ စောင်းတန်းအလယ်ပိုင်းကို ယင်းရွာနေ ဦးဘိုးသင် + ဒေါ်ဝါ၊ သားဦးဘိုးဝင်း၊ သမီးမသန်းညွန့်၊ မစောရင်တို့က ကုသိုလ်ယူခဲ့ရာ ၁၂၉၅ ခုနှစ်သီတင်းကျွတ်လဆနိး(၂)ရက်နေ့အပြီးသတ်ခဲ့သည်မှာ ယနေ့တိုင်မြင်နေရသည့်ကုသိုလ်ပင်ဖြစ်ပါသည်။  သက္ကရာဇ် ၁၂၈၃ ခုနှစ်တွင်တန်ဆောင်ဟောင်းနွမ်းနေမှုကြောင့် သုံးခွမြို့အပိုင်ပျဥ်မကန်ရွာနေ သူဌေးဦးမြတ်သူ + ဒေါ်နှင်းဘုံတို့က ဒုတိယအကြိမ်အသစ်ဆောက်လုပ်လှူဒါန်းခဲ့ရာ၊ လက်တစ်ဖက်မကကြီးမားသည့် ကျွန်းတိုင်ကြီး(၄)လုံးနှင့် တင့်တယ်လှစွာ ကကုသန်မြတ်စွာဘုရားရှင် သီတင်သုံး စံပိုယ်တော်မူလျက် ရှိသည့်ကို ဖူးမြော် မြင်တွေ့ကြရမှာ ဖြစ်ပါသည်။

 

 သက္ကရာဇ် ၁၂၈၆ ခုနှစ်တွင် သုံးခွမြို့နယ်၊ ပျဉ်းမကန်ကျေးရွာမှ ဘုရားဒါဘကာ ဦးမြတ်သူ၏သား ဦးထွန်းဝင်းမှ ကျောက်ကျစ်အင်္ဂတေလောင်း၊ သံတိုင်ဘောင်များဖြင့် တည်ဆောက်ထားသည့် လေးခန်းတိုက်တန်ဆောင်းတော်ကြီးတွင် ဦးမြတ်သူ ဇနီး ဒေါ်အုံ သားသမက်၊သမီး မိသားစုများက မှန်စိရွှေချပလ္လင်တည်ဆောက်ပြီး မင်းမြောက်တန်ဆာများ ဆင်ယင်ထားသော ဇမ္ဗူပတိမင်းချွတ်ဟန် ကြေးသွန်းဘုရားရုပ်ပွါးတော်မြတ်ကြီးကို ၁၂၈၇ ခုနှစ် ဝါခေါင်လဆန်း (၅) ရက်နေ့တွင် တင်လှူပူဇော်ထားသည်မှာ လွန်စွာကြည်ညိုသပ္ပာယ်လှပါသည်။

သက္ကရာဇ် ၁၂၇၁ ခုနှစ်တွင် ကျောက်တန်းမြို့၊ ဒေါ်မင်းလှနှင့်သား ဉီးရွှေဇံ ချွေးမဒေါ်တု၊ မြေးကိုထွန်းလင်းတို့က ဆောက်လုပ်လှူဒါန်းပြီး၊ ၁၂၇၂ ခုနှစ်တွင် စကျင်ကျောက်ရုပ်ပွါးဆင်းတုတော် (၇)ဆူကို လက်ဝဲလက်ယာဉာဏ်တော်ကို ပူဇော်ထားရှိသည်မှာ ကြည်ညိုဖွယ်ရာအတိ ဖူးမြော်မြင်တွေ့ကြရမည်ဖြစ်ပါသည်။ နှစ်သက်တန်း ၁၁၄ နှစ်ရှိ ရှေးဆင်းတုတော်များဖြစ်ပါသည်။

မင်းအဆက်ဆက်တည်ရှိခဲ့သည့် စောင်းတန်းလေးသွယ်အပေါ်မှ နတ်လမ်း၊ ပြာသာဒ်ဆောင်၊ မုခ်ဦးများ၊ အမိုးများကို သဒ္ဓါပေါက်သူ အလှုရှင်များက ဆင့်ကဲလှုဒါန်းခဲ့ရာ ၁၂၈၀ ခုနှစ်တွင် ဒလမြို့နယ် ပျော်ဘွယ်ကြီးရွာ ဦးဘိုးခင် ဇနီးဒေါ်နီတို့က ဆောင်းတန်း ထိပ်ပြာသာဒ်ဆောင်၊ မုခ်ဦးတို့ လှူဒါန်းခဲ့ကြပြီး၊ ၁၂၈၄ ခုနှစ်တွင် အထက်ပိုင်းစောင်းတန်းကို သန်လျင်မြို့၊ ဗိုလ်ချုပ်ကျေးရွာနေ ဦးဘိုးညွှန့်သား မောင်ထွန်း၊ မောင်ဦးတို့က ဆောက်လုပ်လှူဒါန်းခဲ့ကြပါသည်။ မြောက်ဘက်အာရုံခံတန်ဆောင်းကို သက္ကရာဇ် ၁၂၅၃ ခုနှစ်တွင် သန်လျင်မြို့နယ် ဘော့သပြေကန်ရွာ ဦးရွှေပေး သား ဦးရွှေဆိတ်၊ ကိုဘိုးငြိမ်း၊ သမီး မချို၊ မစိမ်း၊ မငြိမ်းတို့က စတင်တည်ဆောက်လှူဒါန်းကြခြင်း ဖြစ်ပါသည်။ ဂေါတမမြတ်စွာဘုရားနှင့် ဘုရားရုပ်ပွါးဆင်းရေတော် ၂၃ ဆူ သီတင်းသုံးစံပါယ်လျက်ရှိပါသည်။

မင်္ဂလွန်းတန်ဆောင်းခေါ်ခြေတော်ရာတန်ဆောင်း

သက္ကရာဇ် ၁၂၈၄ ခုနှစ်တွင်၊ မှော်ဝန်းကျောက်တန်းမြို့ မင်္ဂလွန်းရွာနေ ဘုရားဒါယိက ဦးခါး + ဒါယိကာမ ဒေါ်လွန်းပြေတို့၏သမီး ဒေါ်အေးမြ၊ ဒေါငြိမ်းအေးတို့က ဆောက်လုပ်လှူဒါန်းခဲ့ပြီး။ တန်ဆောင်းတော်တွင် မြတ်စွာဘုရားရှင်၏ခပ်သိမ်းသော အခြင်းအရာတို့နှင့်ပြည့်စုံကုန်သော ၁၀၈ ကွက်စက်လက္ခဏာပါခြေတော်ရာတစ်ဆူနှင့်၊ ၁၂၅၀ ခုနှစ်က လှူဒါန်းထားသည့်ဆင်းတုတော်တစ်ဆူ ပူဇော်ခံထာရှိပါသည်။ “အတိုင်းမသိ၊ ကျေးဇူးရှိသည့်၊ မုနိသကျ၊ ရှင်တော်ဂေါတမ၏၊ ပါဒမြတ်ကျော်၊ ဘဝါးတော်၌၊ ထွန်းပေါ်ကျစ်လစ်၊ တစ်ရာ့ရှစ်နှင့်၊ ပုံတောင်းစက်ခေါ်၊ ခြေဗွေတော်ကို၊ နဖူးနှင့်တိုက်၊ ဦးညွှတ်ခိုက်လျက်၊ နှစ်ခြိုက်မြတ်နိုး၊ လက်စုံမိုးကာရှိခိုးပူဇော်၊ ကောင်းကျိုးပြည့်ဝကြစေသော်……။”