ကျောက်စာတိုင်အမည်

အသေးစိတ် အချက်အလက်များ

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၏ တောင်ဘက် အရပ်တွင်ရှိသော အသိ-သတိကြေးသွန်းဘုရားကြီးကို မင်းသားကြီး အကယ်ဒမီ ဦးကျော်ဟိန်းမှ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ တရားတော်များကြောင့် လူသားများ ငြိမ်းချမ်း စေလိုသည့်ဆန္ဒဖြင့် မြန်မာနိုင်ငံသူ/ နိုင်ငံသားများနှင့် (၃၁)ဘုံသား အားလုံးကိုယ်စား ဦးကျော်ဟိန်း နှင့် ဒေါ်သန်းနွယ်အေး မိသားစုမှ ကောဇာသက္ကရာဇ် ၁၃၆၉ ခုနှစ်၊ တပေါင်းလဆန်း (၁ဝ)ရက်၊ (၁၆-၃-၂ဝဝ၈)တနင်္ဂနွေနေ့တွင် သာသနာရေးဝန်ကြီး သူရဦးမြင့်မောင်အား အမှူးထားအပ်နှံ၍ ရေစက်သွန်းချ လှူဒါန်းခဲ့ပါသည်။
အသိ-သတိကြေးသွန်းဘုရားကြီးနှင့် နဂါး(၁၈)ကောင်၊ ယက္ခညီနောင်တို့ကို မန္တလေးမြို့ တမ္ပဝတီရပ်၌ ကြေးသွန်းခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ အသိ -သတိကြေးသွန်းဘုရားကြီးသည် ဉာဏ်တော်အမြင့် (၂၁)ပေ (၆)လက်မ ရှိပြီး ကြေး တန်ချိန် (၁၂.၆) တန်ရှိပါသည်။
ဤအသိ-သတိ ကြေးသွန်းဘုရားကြီး၏ ထူးခြားချက်ဝိသေသလက္ခဏာမှာ – လက်ျာ (ညာဘက်) လက်ဖဝါးတော်တွင် (အသိ) ဆိုတဲ့ အက္ခရာကိုလည်းကောင်း၊ လက်ဝဲ (ဘယ်ဘက်) လက်ဖဝါးတော်တွင် (သတိ) ဆိုတဲ့ အက္ခရာကိုလည်းကောင်း ရေးသားထားသည်ကို ကိုယ်စီကိုယ်စီ တွေ့မြင်ကြရမည်ဖြစ်ပါသည်။
အသိဟူသည်မှာ မိမိရဲ့ရင်တွင် နာမ်စဉ် မှီယှဉ်လေးထား စဉ်းစားတွေးမှန် ဆင်ခြင်ဉာဏ်အသိတရားဖြစ်၍ သတိဟူသည်မှာ မမေ့မလျော့ မပေါ့မဆ အပ္ပမာဒ ခေါ်ငြား သတိတရားပင်ဖြစ်လေသည်။ ထို့ကြောင့် ခန္ဓာကိုယ်တွင် အသိယှဉ်၍ မြဲပင် သတိ ရှိကြရမည် ဖြစ်ပါသည်။