မင်းနန္ဒာကန်

သက္ကရာဇ် ၁၉ ခုနှစ်က ဒဂုံမြို့ (ရန်ကုန်) ဗိုလ်တထောင်ဆံတော်ဆိပ်တွင် ငမိုးရိပ်မိချောင်း၏ အတွင်း ခိုဝင်ရင်း အသက်ဇီဝိန်ချုပ်ခဲ့ရသည့် ချစ်သူမင်းသားလေး မင်းနန္ဒာကို ရည်စူးကာ ချစ်သက်သေကောင်းမှုတော်အဖြစ် သန်လျင်သူ ရှင်မွေ့နွန်း မင်းသမီးလေးက ရေကန်တစ်ကန်တူးဖော်ကာ “မင်းနန္ဒာကန် “ ဟုအမည်ပေးပြီး ၇ ရက် ၇ လီ သံဃ ဦးတော်အရှင်မြတ်များ ပင့်ဖိတ်ကာ ဆံတော်ရှင် ရင်ပြင်တော်မှာ အလှူကြီးပြုလုပ်ပြီး ရေစက်သွန်းလောင်းလှူဒါန်းခဲ့သည့် ရေကန်ပင်ဖြစ်ပါသည်။ ယနေ့တွင် မင်းနန္ဒာကန်နှင့်အတူ ကန်ပတ်လည်တွင် ပန်းအလှပင်များ ၊ ကစားကွင်းများ ပြုလုပ်၍ “ရှင်မွေ့နွန်းပန်းခြံ “ အဖြစ် ဘုရားဖူးလာပြည်သူများ အနားယူအပန်းဖြေကြသည့် နေရာပင်ဖြစ်သည်။v