မဟာမြတ်မုနိကြေးသွန်းတန်ဆောင်း သက္ကရာဇ် ၁၂၈၆ ခုနှစ်တွင် သုံးခွမြို့နယ်၊ ပျဉ်းမကန်ကျေးရွာမှ ဘုရားဒါဘကာ ဦးမြတ်သူ၏သား ဦးထွန်းဝင်းမှ ကျောက်ကျစ်အင်္ဂတေလောင်း၊ သံတိုင်ဘောင်များဖြင့် တည်ဆောက်ထားသည့် လေးခန်းတိုက်တန်ဆောင်းတော်ကြီးတွင် ဦးမြတ်သူ ဇနီး ဒေါ်အုံ သားသမက်၊သမီး မိသားစုများက မှန်စိရွှေချပလ္လင်တည်ဆောက်ပြီး မင်းမြောက်တန်ဆာများ ဆင်ယင်ထားသော ဇမ္ဗူပတိမင်းချွတ်ဟန် ကြေးသွန်းဘုရားရုပ်ပွါးတော်မြတ်ကြီးကို ၁၂၈၇ ခုနှစ် ဝါခေါင်လဆန်း (၅) ရက်နေ့တွင် တင်လှူပူဇော်ထားသည်မှာ လွန်စွာကြည်ညိုသပ္ပာယ်လှပါသည်။