ကျောက်တန်းတန်ဆောင်း သက္ကရာဇ် ၁၂၇၁ ခုနှစ်တွင် ကျောက်တန်းမြို့၊ ဒေါ်မင်းလှနှင့်သား ဉီးရွှေဇံ ချွေးမဒေါ်တု၊ မြေးကိုထွန်းလင်းတို့က ဆောက်လုပ်လှူဒါန်းပြီး၊ ၁၂၇၂ ခုနှစ်တွင် စကျင်ကျောက်ရုပ်ပွါးဆင်းတုတော် (၇)ဆူကို လက်ဝဲလက်ယာဉာဏ်တော်ကို ပူဇော်ထားရှိသည်မှာ ကြည်ညိုဖွယ်ရာအတိ ဖူးမြော်မြင်တွေ့ကြရမည်ဖြစ်ပါသည်။ နှစ်သက်တန်း ၁၁၄ နှစ်ရှိ ရှေးဆင်းတုတော်များဖြစ်ပါသည်။