ဆုတောင်းပြည့် ခေါင်းလောင်းတော်ကြီး သက္ကရာဇ် – ၁၂၂၀ ခုနှစ်တွင် ရင်ပြည်တော်အရှေမြောက်၊ အောင်မြေအနီး၌ သန်လျင်မြို့အုပ်မင်း ဦးသာထွန်းအောင်နှင့် ဇနီးဒေါ်ပွင့်မ မိသားစုက ကြေးပိသာချိန် ၁၂၀၇ ပိသာ၊ ၅၀ကျပ်သားရှိခေါင်းလောင်းတော်ကြီးကို သွန်းလုပ်လှူဒါန်းထားခဲ့ပါသည်။ အမြင့် ၇’၁၀” နှင့်နှုတ်ခမ်းဝအချင်း ၃’ ရှိခေါင်းလောင်းကြီးဖြစ်ပါသည်။ သမိုင်းမှတ်တမ်းအရ၊ ယင်းနှစ်သည်ရတနာပုံမန္တလေး၌ သီပေါမင်းသား မွေးဖွားသည့်နှစ် နှင့်လည်း တိုက်ဆိုင်နေပါသည်။ ဘုရားဖူးများယုံကြည်သဒ္ဓါများစွာဖြင့် ဆုတောင်း၍ ဒါနကုသိုလ်ပြုကြသည့် ဆုတောင်ပြည့် ခေါင်းလောင်းတော်ကြီးလည်းဖြစ်ပါသည်။