ဆင်ရုပ်ခံကျောက်ထီး

သက္ကရာဇ် ၉၂၇ ခုနှစ် ဝါဆိုလဆန်း (၈) ရက်နေ့တွင် ဘုရင့်နောင်မင်းတရားကြီးသည် ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်ကို အသစ်ပြန်လည်တည်လှူရာတွင် မြတ်စွာဘုရားရှင်၏ နဖူးသင်းကျစ်ရိုးတော်နှင့်အတူ ထီးတော်၊ ငှက်မြတ်နားတော်၊ ကြာဖူးတော် တို့ကိုပါ လှူဒါန်းခဲ့ပြီးရင်ပြင်တော် အင်္ဂါထောင့်တွင် ဆင်ရုပ်ခံကျောက်ထီးကိုပါ လှူဒါန်းထားခဲ့သည်မှာ ယနေ့တိုင်သမိုင်းဝင်ထင်ရှားစွာတည်ရှိနေပါသည်။