ပွဲတော်များ
ကျိုက်ခေါက်ဘုရားပွဲတော်ကို ရှေးယခင်နှစ်များက ရွှေတိဂုံဘုရားပွဲတော်ကျင်းပသည့် တပေါင်းလတွင် ကျင်းပပါသည်။ သက္ကရာဇ် ၁၂၂၀ ခုနှစ်ကျမှ တပို့တွဲလသို့ ပြောင်းရွှေ့ကျင်းပလာသည်မှာ ယခုဆိုလျှင် တပို့တွဲလ ဗုဒ္ဓ ပူဇနိယပွဲတော်အဖြစ် နှစ်ပေါင်း ၁၅၀ ခန့်ရှိပြီဖြစ်ပါသည်။သဘင်ဥသျှောင်ဂရိတ် ဦးဘိုးစိန်မှ အလင်္ကာကျော်စွာရွှေမန်းတင်မောင်၊ ဝဏ္ဏကျော်ထင်စိန်အောင်မင်း၊ စံပြ သဘင်စိန်မာဒင်ဇာတ်သဘင်များနှင့်၄င်းတို့၏သားမြေးများ တသက်စိန်၊ ကနက်စိန်၊ ဝင်းဗိုလ်၊ မိုးမင်း၊ မိုး၀င်း၊ မန္တလေးသိန်းဇော်၊ ဖိုးချစ်၊ ဟန်ဇာမိုး၀င်း၊ စွမ်းဇာနည်စသည့် နာမည်ကျော်ဇာတ်အဖွဲ့များ၊ ဘီအီးဒီအောင်သိုက်၊ တွံ့တေးသိန်းတန်၊ မိုးဒီ၊ မော့စ်၊ ခင်လှိုင် ပဒေသာကပွဲအစုံဧက (၈၀)ကွင်းလုံးပြည့်ဖြင့် ကျင်းပခဲ့သည့် ထင်ရှားကျော် ကြားသည့် ဘုရားပွဲတော်ဖြစ်ပါသည်။
မြန်မာနိုင်ငံအရပ်ရပ်မှဒေသထွက်ကုန်အစုံလာရောက်ရောင်းချသည့် ပွဲတော်ဖြစ်သဖြင့် ဆယ့်နှစ်ပွဲစျေးသည် များက ‘’ ကြက်ပျံမကျစည်ကားသည့် ပွဲတော်” သန်လျင်ကျိုက်ခေါက်ဘုရားပွဲပါဟု ပြောစမှတ်ပြုကြရအောင် စည် ကားသည့် ဘုရားပွဲတော်ဖြစ်ပါသည်။ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားနှင့်၄င်းတို့၏ မင်းဆက်များသည်လည်း ဘုရားပွဲတော်ရက်များ တွင်ဗုဒ္ဓပူဇာ အဖြစ်လှူဒါန်းမှုများပြဒလုပ်ခဲ့ကြသည့်ကို သမိုင်းမှတ်တမ်းများအရ လေ့လာသိရှိရပါသည်။ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့များကလည်း ဗုဒ္ဓပူဇာ ၊ ဓမ္မပူဇာ ၊ သံဃပူဇာ ပွဲများ ကျင်းပမြဲကျင်းပလျက်ရှိ ပါသည်။

တန်ဆောင်တိုင် ပွဲတော်

သန်လျင်မြို့၏ ဒုတိယအစည်းကားဆုံးပွဲတော်မှာ ကျိုက်ခေါက်စေတီတော်တွင် ကျင်းပသည့်တန်ဆောင်တိုင်ပွဲတော်ပင်ဖြစ်ပါသည်။ တန်ဆောင်မုန်းလဆန်း (၁၄)ရက် တစ်ညလုံး ရက္ကန်းစင်တော် (၉)စင်ဖြင့်၊ မသိုးရွှေကြာ သင်္ကန်းများ ရက်ခတ်ယှဥ်ပြိုင် ကုသိုလ်ယူကြပြီး၊ လပြည့်နေ့နံနက် အာရုံမတက်မီ ဗုဒ္ဓရုပ်ပွားဆင်းတုတော်များကို ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၊ အလှူရှင်များ၊ ရက္ကန်းအဖွဲ့များက စေတီတော်ရင်ပြင်လှည့်လည်ပြီး ကပ်လှူပူဇော်ကြ ပါသည်။ရင်ပြင်တော် ပတ်လည်တွင်လည်း မြတ်စွာဘုရားအားရည်မှန်း၍ စေတီတော်မြတ်ကြီး၌ ဆွမ်းတော်ကြီးတင် လှူ၊ သစ်သီးမျို’စုံကပ်လှူကြ ညဦးပိုင်းမီးအလှရောင်မျိုးစုံစွာ ပူဇော်ကြသည့် စည်ကားလှသကဲ့သို့ စေတီတော်အောက်ရင်ပြင် ကားလမ်းမဘေးဝဲယာတွင်လည်း ကြည့်ချင်ပွဲ၊ ခြင်းအလှခတ်ပွဲ၊ ခြားရဟတ် ကစားကွင်းများ၊ စျေးဆိုင်ခန်းပေါင်းများစွာဖြင့် စည်းကားလှပါသည်။
တန်ဆောင်းမုန်းလပြည့်နေ့ နံနက် (၉)နာရီတွင် အောက်ရင်ပြင်တော်အရှေ့ဘက်ကြာကန်ဗိမာန်တော်၌ သန်လျင်မြို့နယ်ရှိ ကျောင်းများမှ အချိုးကျသံဃာတော် (၃၆၀)ပါးကို ကျပ်သိန်း (၁၀၀)၀န်းကျင်မှ ကျပ်(၅)သိန်းရှိ ပဒေသာပင်ပေါင်း (၃၆၀)ကို စာရေးတံမဲဖောက်ကာ ဆက်ကပ်လှူဒါန်းဆွမ်းဆန်စိမ်းလောင်းလှူကြကာ မဲပေါက်သည့် ကျောင်းများသို့ အိုးစည်ဗုံမောင်း၊ အသံချဲ့စက်များဖြင့် လိုက်လံပို့ဆောင်ကြသည်မှာ သန်လျင်တစ်မြို့လုံးပင်ဖြစ်ပါ သည်။