ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်
ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်မြတ်ကို သာသနာနှစ် ၂၄၁ ခုနှစ် တွင် ခေါလကရသေ့ နှင့် သထုံ ဘုရင် စူဠသီရိမာသောကမင်းတို့က အဦးအစ ဘုရား ဒါယကာများအဖြစ် မြတ်စွာဘုရား၏ ဆံတော် (၆)ဆူ ဌာပနာပြီး တည်ထားခဲ့သော စေတီဖြစ်ပါသည်။

ဆံတောင်ရှင် ကျိုက်ခေါက်စေတီတော် သမိုင်း

ဘွဲ့အမည် ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်
ဉာဏ်တော်အမြင့် ၁၂၃ တောင်
၀တ္တကမြေအကျယ် ၈၇.၄၉ ဧက
သထုံမင်းအဆက်ဆက်နှင့် မောင်သန်လျင်မင်း၊ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားမင်း အဆက်ဆက် ဆွေတော် မျိုးတော်များပါ ရောက်ရှိသာသနာပြုခဲ့ကြသည့် စေတီတော်ဖြစ်ပါသည်။ မွန်ဘုရင်ဗညားဦး၊ သားတော်ရာဇာဓိရာဇ်၊ မြေးတော် ဘုရင်မကြီး ရှင်စောပု နှင့် သားမက်တော် ဓမ္မစေတီမင်းများလည်း သားစဥ်မြေးဆက်သာသနာပြုခဲ့သည့် ထူးခြားသောစေတီတော် ဖြစ်ပါသည်။ ပင်လယ်မှ ရန်ကုန်မြို့သို့ ၀င်လျင်လည်း ရေယာဥ်ပေါ်မှ စတင်ဖူးတွေ့ရသည့် စေတီတော်၊ ရန်ကုန်၊ ပဲခူး၊ ခရမ်း၊ သုံးခွ၊ ကျောက်တန်းမြို့များမှ လာလျင်လည်း ဥတ္တရင်္ဂကုန်းတော်ပေါ်မှာ ရွှေရောင်တပြောင်ပြောင်နှင့် ဖူးတွေ့ရသည့် စေတီ ဖြစ်ပါသည်။ ဥာဏ်တော် ၂၂၄’ ၆’’ အထက်ပစ္စယာအရံစေတီတော် (၁၀၈)ဆူ ရှေးသုလက်ရာ ဗိသုကာအမွှမ်းပန်းများ နှင့် သာသနိက အဆောက်အဦးများရှိရာ စေတီတော်ဖြစ်ပြီး သက်တော်ရှည်သာသနာပြု ကျိုက်ခေါက်ဘိုးဘိုးကြီး နှင့် အဘအောင်မင်းခေါင်၊ အဘဘိုးဘိုးအောင်၊ ရက်ကန်းစင်တောင် ဆရာတော်စသည့် ပုဂ္ဂိုလ်ထူးများလည်း သာသနာပြုလျှက်ရှိသည့် စေတီတော်ဖြစ်ပါသည်။
သာသနာတော်နှစ် (၂၄၁) ခုနှစ်တွင် စတင်တည်ထားခဲ့သည့် အရှင်ခေါလက နှင့် သထုံဘုရင် စူဠာသီရိမာသောကတို့ ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်သည် သာသနာတော်နှစ် ၉၃၆ ခုနှစ်ရောက်မှ စည်ပင်ထွန်းကားလာခဲ့ပါသည်။ သထုံမင်း ဓမ္မပါလ သည် ဂ၀ံကျောက်အုတ်တို့ဖြင့် တန်ဆောင်း၊ ကျောင်း၊ သိမ်၊ ဇရပ်၊ စောင်းတန်းများ၊ ပြုပြင်တည်ဆောက်လှူဒါန်းပြီး ဓမ္မပါလအမည်ရှိ ကျောင်းကိုလည်း ဘုရား၏အရှေ့မြောက် ခြေတော်ရင်းတွင် ဆောက်လုပ်ခဲ့ပါသည်။ သာသနာတော်နှစ် ၁၁၇၅ ခုနှစ်တွင် သန်လျင်မင်း မောင်သန်လျင်က ငလျင်လှုပ်၍ ပြိုကျသည့် စေတီတော်ကို တိုက်စေတီအသစ် ပြန်လည်တည်လှူခဲ့ပါသည်။ အနော်ရထာမင်းသည် မြန်မာသက္ကရာဇ် ၄၂၄ ခုနှစ်တွင် ကျိုက်ခေါက်စေတီတော်သို့ လာရောက်ဖူးမြော်ပြီး ကျောင်း (၄) ၊ သိမ် (၄) ၊ ဇရပ် (၈) ၊ ပိဋကတ်တိုက် (၁) တို့ကို တည်ဆောက်လှူဒါန်းမှုစေတီတော် ပြဿဒ်ဟောင်းကိုဖယ်ရှား၍ သင်တိုင်းစေတီငယ် ကို တည်ထားကိုးကွယ်မှုများအတွက် ရေစက်သွန်းချ အမျှပေးဝေ၍ ပွဲသဘင်ကို စည်းကားစွာ (၇) ရက်တိုင်တိုင် ကျင်းပတော်မူခဲ့ပါသည်။အဆက်အနွယ် ကျန်စစ်သား၊ အလောင်းစည်သူ၊ နရပတိစည်သူ၊ ကျစွာ၊ ဥဇနာ၊ နရသီဟပတေ့၊ ကျော်စွာမင်း အဆက်ဆက်သည်လည်း ကျောင်း၊ သိမ်၊ ဇရပ်၊ လယ်ပယ်များလှူဒါန်းခဲ့ကြပါသည်။

ဖူးမြော်ကြည်ညိုရမည့်နေရာများ


ဦးခိုက်ဖူးမြော် ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်

စေတီတည်နေရာမြေပုံ နှင့် သန်လျင်မြို့သမိုင်း
ရန်ကုန်မြစ် နှင့် ပဲခူးမြစ်ဆုံရာ သန်လျင်မြို့နှင့် (၄)မိုင်ခန့်ကွာဝေးသော ပဲခူး၏ တောင်ဘက်ကမ်းပေါ်ရှိ ဥတ္တရင်္ဂကုန်းတော် ရှေးယခင်က လှိုင်းပုတ်ကုန်းပေါ်တွင်တည်ရှိပါသည်။ရန်ကုန်မြစ် နှင့် ပဲခူးမြစ်ဆုံရာ သန်လျင်မြို့နှင့် (၄)မိုင်ခန့်ကွာဝေးသော ပဲခူး၏ တောင်ဘက်ကမ်းပေါ်ရှိ ဥတ္တရင်္ဂကုန်းတော် ရှေးယခင်က လှိုင်းပုတ်ကုန်းပေါ်တွင်တည်ရှိပါသည်။
ဘုရားသမိုင်းအကျဥ်း
သာသနာတော်နှစ် ၂၄၁ ခုနှစ်တွင် သထုံပြည်မှ သာသနာပြုရဟန်းတော် အရှင်သောမာဃ သည် သီဟကျွန်း (သီဟဒီပ) သန်လျင်သို့ ရောက်ရှိလာပြီး ဥတ္တရင်္ဂကုန်းပေါ်၌ သီတင်သုံးနေသည့် ခေါလကရသေ့နှင့်တွေ့ကာ ရသေ့ မှ ရဟန်းအဖြစ်သို့ ခံယူသည့် ရှင်ခေါလက နှင့်အတူ အိန္ဒိယနိုင်ငံ ပါဋလိပုတ်နေပြည် ဘုရင် အာသောကမင်းထံ သွားရောက်ကြပြီး ဘုရားရှင်၏ ဓါတ်တော် မွေတော်များ တောင်းခံရာ ဆံတော် (၂၄)ဆူရရှိခဲ့ပါသည်။
ပါဒဆိပ်ကမ်းမှတက်၍ ပင့်ဆောင်လာခဲ့ရာ အပူဇော်ခံလိုသည့်ရွာများမှ ထွက်လာအလှူခံကြရာမှ ကျန်သော ဆံတော်(၆) ဆူကို ဌာပနာကာ သထုံပြည့်ရှင် စူဠသီရိမာသောကမင်း နှင့် အရှင်ခေါလက တို့က သာသနာတော်နှစ် (၂၄၁) တွင် ပထမဦးဆုံး ဘုရားဒါယကာများအဖြစ်ခံယူကာ တိုက်စေတီ တည်လှူခဲ့ကြပါသည်။ ခေါလကစေတီ၊ ခေါက်စေတီ၊ ကျော်ခိုက်စေတီမှ ကျိုက်ခေါက် စေတီအဖြစ် ယနေ့တိုင် တည်တံ့နေသည့် စေတီဖြစ်ပါသည်။
မင်းအဆက်ဆက် အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားတို့က သာသနာပြုခဲ့ပြီး သက္ကရာဇ် ၁၂၉၂ ငလျင်ကြောင့် ခေါင်းလောင်းပုံအထက် ပြိုကျမှုကို ၁၂၉၄ ခုနှစ်တွင် ပြုပြင်တည်ထားခဲ့ရာ ဥာဏ်တော် ၂၂၄’ ၆” ဖြင့် ယနေ့တိုင် ရွှေရောင်၀င်း၀ါတင့်တယ်သပ္ပါယ်စွာ တည်ရှိနေသည်မှာ နှစ်သက်တမ်း ၂၃၂၆ နှစ် တိုင်ခဲ့ပြီ ဖြစ်ပါသည်။
သန်လျင်မြို့သမိုင်း
သန်လျင်မြို့သည် သာသနာတော်နှစ် ၁၁၇၃ ခုနှစ်တွင် စံကားကင်းသူကြီး မောင်သန်လျင်က စံကားရွာကို အုတ်မြို့အဖြစ် တည်ကာ စံကားမြို့အမည်တွင်စေပြီး နောင်တွင် သန်လျင်မြို့အဖြစ် တည်ရှိလာခြင်းဖြစ်ပါသည်။ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီအစိုးရ မတက်မီ အထိ ပဲခူးတိုင်းအတွင်း ဟံသာ၀တီခရိုင်တွင် ပါ၀င်နေခဲ့ရာမှ၊ ရန်ကုန်တိုင်းကို တိုးချဲ့ခဲ့ရာတွင် မှော်ဘီခရိုင်နှင့်အတူ ဟံသာ၀တီခရိုင်ပါ သန်လျင်မြို့သည် ရန်ကုန်တိုင်းအတွင်း ပါ၀င်လာခဲ့ခြင်းဖြစ်ပါသည်။
သန်လျင် – ရန်ကုန် ဆက်သွယ်ထားသည့် တံတားသုံးစင်းဖြင့် ဆက်သွယ်ရေး ကွန်ယက်ကောင်းမွန်သောမြို့၊ စက်မှုဇုန်ဖွံ့ဖြိုး သောမြို့ဖြစ်ပါသည်။ မြို့အကျယ်အ၀န်းမှာ ဧရိယာဧက ၃၇၈၃ ဧကရှိပြီး မြို့နယ်တစ်ခုလုံးအကျယ်အ၀မှာ ဧရိယာဧက ၉၃၀၀၇ ဧကရှိပါသည်။ မြို့တွင်းရပ်ကွက် (၂၀)၊ ကျေးရွာအုပ်စု (၂၈)စု ၊ ကျေးရွာပေါင်း (၅၈)ရွာ ပါ၀င်သည့် မြို့ ဖြစ်ပါသည်။သက္ကရာဇ် ၁၁၁၅ ခုနှစ် ဒဂုန် ကို ရန်ကုန်မြို့ ဟု အလောင်းမင်းတရား အမည်မတွင်သေးခင်က သန်လျင်သည် ထင်ရှားသော ဆိပ်ကမ်းမြို့ ဖြစ်ခဲ့ပြီး အလောင်းမင်းတရားက ရန်တွေကုန်၍ ၁၁၁၅ ခုနှစ်တွင် ရန်ကုန်မြို့ဟု အမည်သမုတ်ပြီး နောက်ပိုင်း ရန်ကုန်သည် ဆိပ်ကမ်းမြို့ ဖြစ်ခဲ့ခြင်းဖြစ်ပါသည်။
ကျောက်ထီး
အထက်ပစ္စယာပေါ်ရှိ ဗူးဘုရားပုံစံစေတီတော်
အထက်ပစ္စယာပေါ်ရှိ ငှက်ပျောဖူးပုံစံစေတီတော်
‘’ ခေတ်အဆက်ဆက်ထီးတော်တင်လှူခြင်း’’
သက္ကရာဇ် ၆၅၈ ခုနှစ်တွင် အနော်ရထာမင်း၏ အဆက်အနွယ် နရသီဟပတေ့မင်း၏ သားတော် ‘ ကျော်စွာမင်း’ သည် စေတီတော် ပြိုပျက်သည်ကို ပြုပြင်ပြီးထီးတော်ပါ တင်လှူခဲ့ပါသည်။
သက္ကရာဇ် ၇၁၆ ခုနှစ်တွင် မွန်ဘုရင်ဗညားဦးသည် ကျိုက်ခေါက်စေတီတော်ကို တိုက်စေတီမှ သင်တိုင်းစေတီပုံစံ ပြောင်းလဲတည်ပြီး၊ ဆံတော်ဓါတ်တော်များအဖြစ် ရွှေပြားခတ်၊ ငွေပြားခတ် ဆင်းတုတော် ပယင်းဆင်းတုတော်အဆူဆူကို ဌာပနာပြီး ထီးတော်သစ်တင်လှူခဲ့ပါသည်။ ဥာဏ်တော်အမြင့် (၂၇) တောင်ဖြစ်ပါသည်။ သက္ကရာဇ် ၇၇၈ ခုနှစ်၊ ကဆုန်လဆန်း (၄)ရက် ဗုဒ္ဓဟူးနေ့တွင် ငလျင်ပြင်းစွာ လှုပ်၍ နှစ်ခြမ်းပြိုကျပြီး အုတ်ပုံအဖြစ် ရောက်ရှိသွားသည့်စေတီကို ရာဇာဓိရာဇ်မင်း (ဗညားဦး၏သားတော်) က ဥာဏ်တော် အတောင် (၃၀)အမြင့် စေတီပြန်လည် တည်ဆောက်ပြီး ထီးတော်တင်ခဲ့ပါသည်။
သက္ကရာဇ် ၈၂၀ တွင် ငလျင်ပြင်းစွာလှုပ်သောကြောင့် အက်ကွဲပြိုပျက်ခဲ့ပြန်ရာ၊ ရာဇာဓိရာဇ်မင်း၏ သမီးတော်ဘုရင် မကြီး ရှင်စောပုက ခမည်းတော်တည်လှူခဲ့သည့် ဥာဏ်တော်အတိုင်းပြန်တည်ပြီး ထီးတော်၊ ငှက်မြတ်နားတော်စသည်များကို အသစ်တင်လှူခဲ့ပါသည်။ သက္ကရာဇ် ၈၉၀ ခုနှစ် တွင် လေပြင်းမုန်တိုင်းဒဏ်ခံ၍ ထီးတော်သည် သံတိုင်နှင့်တကွ ကျွတ်ထွက် ကျပျက်ခဲ့ပါသည်။ ဗညားဦးမင်း၏ နောက်ဆုံးမင်းဆက် ‘ သုရှင်တကာ ရွတ်ပိမင်း ‘ က ၊ ယင်းနှစ်တပေါင်းလပြည့်နေ့တွင် ထီးတော်အသစ်ကိုလှူ ဒါန်းခဲ့ပါသည်။
သက္ကရာဇ် ၉၂၆ ခုနှစ်၊ နယုန်လဆန်း (၆)ရက် ဗုဒ္ဓဟူးနေ့တွင် ငလျင်ကြီးစွာလှုပ်သောကြောင့် စေတီတော်သည်ပန်းတည် ခုံပါမကျန် ပြိုကျပျက်စီးရပြန်ပါသည်။ ဘုရင့်နောင်မင်းတရားကြီးကိုယ်စား ၀န်ကတော်ရှင်ငြိမ်းက ပြန်လည်တည်ထားခဲ့ရာ ဥာဏ်တော်မှာ ‘၅၆’ တောင်ဖြစ်ပါသည်။ ၉၇၂ ခုနှစ် ၀ါဆိုလဆန်း (၈)ရက်နေ့တွင် ဘုရင့်နောင်မင်းတရားကြီး ကြွရောက်လာပြီး ထီးတော်၊ ငှက်မြတ်နား၊ ကြာဖူး တော်တို့ကို တင်လှူပူဇော်ခဲ့ပါသည်။ သက္ကရာဇ် ၉၆၂ ၊ ၉၆၃ ခုနှစ်များတွင် ပေါ်တူဂီစစ်ဗိုလ် ငဇင်ကာကြီးနှင့်ငဇင်ကာငယ် (ဒီဗရီတို) တို့နှစ်ဦး၏ ဖျက်စီးခြင်း ခံခဲ့ရသည့် ထီးတော်၊ ငှက်မြတ်နား၊ ကြာဖူးများကို ၉၇၅ ခုနှစ် တပို့တွဲလပြည့် ကြာသပတေးနေ့တွင် အနောက်ဘက်လွန်မင်းက အသစ်ပြန်လည်တင်လှူပူဇော်ခဲ့ပါသည်။
သက္ကရာဇ် ၁၀၄၁ ခုနှစ် ၊ တန်ဆောင်မုန်းလဆန်း (၇)ရက် ၊ ကြာသပတေးနေ့တွင် ငလျင်လှုပ်ခတ်၍ ထီးတော်၊ ငှက်မြတ် နား၊ ကြာမှောက်ကြာလန် ကြာဖူး ပန်းတည်ခုံ ပေါ်လျောကျခဲ့ရာ၊ သန်လျင်မြို့ ၀န် သီရိဒေ၀၊ ပဲခူး နိုင်ငံမှူး ဇေယျဗလ၊ ဟံသာ၀တီအခွန်၀န် သီဟယော်ဓါ တို့က ပြန်လည်ပြင်ဆင်ပြီး ၁၀၄၂ ခုနှစ် ကဆုန်လဆန်း (၃)ရက် ၊ အင်္ဂါနေ့တွင် မင်းရဲကျော်ထင်ကိုယ်စား ထီးတော်စသည်များကို ပြန်လည်တင်ထားပူဇော်ခဲ့ပါသည်။
သက္ကရာဇ် ၁၁၃၀ ခုနှစ်၊ နယုန်လပြည့်ကျော် (၁၃)ရက် စနေနေ့တွင် ငလျင်ပြင်းစွာလှုပ်၍ ကျည်း၀န်းအထက်ပြိုကျခဲ့ ပါသည်။ အလောင်းဘုရားမင်းတရားကြီး၏ ဒုတိယသားတော် မြေဒူးမင်းခေါ်ကုန်းဘောင်ဆင်ဖြူရှင်မင်းက ပြန်လည်တည်လှူ ရာ ရွှေတိဂုံပုံတူ၊ ဥာဏ်တော်အတောင် (၁၁၀)ဖြစ်လေသည်။ ၁၁၃၆ ခုနှစ် တပေါင်းလပြည့် ဗုဒ္ဓဟူးနေ့တွင် ထီးတော်ဟောင်းမှ ရွှေငွေကျောက်များ ထီးတော်သစ်တွင် ပြန်လည်တပ်ဆင်ပြီး ထီးတော်အသစ် ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
သက္ကရာဇ် ၁၂၂၀ ခုနှစ်တွင် မြေဒူးမင်းလှူဒါန်းခဲ့သော ထီးတော်ဟောင်းနွမ်းချို့ယွင်းနေသဖြင့် သန်လျင်မြို့အုပ် ဦးသာထွန်းအောင်နှင့်ဒေါ်ပွင့် မိသားစုက ထီးတော်အသစ်ကို အစားထိုးတင်လှူခဲ့ပါသည်။ သက္ကရာဇ် ၁၂၇၇ ခုနှစ်တွင် ဦးသာထွန်းအောင် တင်လှူခဲ့သည့် ထီးတော်မှာ ချို့ယွင်းတိမ်းစောင်းပြန်သဖြင့် ဦးသာထွန်း အောင်၏ သမီး ဒေါ်သက်စံက ၁၂၇၈ ခုနှစ် တပို့တွဲလတွင် ဇာတ်မင်းသားကြီး ဦးဘိုးစိန်ဇာတ်သဘင် အဖွဲ့ဖြင့် ထီးတော်အသစ် ကို တင်လှူပူဇော်ခဲ့ပါသည်။
သက္ကရာဇ် ၁၂၉၂ ခုနှစ် ကဆုန်လဆန်း (၉)ရက် တနင်္လာနေ့ ည (၈)နာရီ (၁၅)မိနစ်တွင် ငလျင်ပြင်းစွာလှုပ်၍ ခေါင်းလောင်းပုံအထက်ပိုင်းပြိုကျခဲ့ရာ၊ ပြိုကျပျက်စီးသော စေတီတော်ကိုပြန်လည်ပြုပြင်ပြီး၊ ရန်ကုန်မြို့ လမ်း (၅၀)နေ သူဌေး ဦးဘရှင်နှင့်ဇနီး ဒေါ်ခင်ညွှန့်တို့က အချင်း (၇)တောင် (၁)မိုက်၊ အမြင့် (၁၅)တောင် (၁)လက်၀ါးရှိ ဘုံ(၉)ဆင့် ကြေးနီထီးတော်ကြီး ကို ၁၂၉၄ ခုနှစ် တပို့တွဲလပြည့်နေ့တွင် တင်လှူပူဇော်ခဲ့ပါသည်။ ဥာဏ်တော်မှာ ထီးတော်မပါ (၁၂၃)တောင်၊ ထီး၊ စိန်ဖူးတော်အထိပေအားဖြင့် ၂၂၄’ . ၆’’ ဥာဏ်တော်အမြင့် ရှိပါသည်။ သက္ကရာဇ် ၆၅၈ ခုနှစ်တွင် အနော်ရထာမင်း၏ အဆက်အနွယ် နရသီဟပတေ့မင်း၏ သားတော် ‘ ကျော်စွာမင်း’ သည် စေတီတော် ပြိုပျက်သည်ကို ပြုပြင်ပြီးထီးတော်ပါ တင်လှူခဲ့ပါသည်။
သက္ကရာဇ် ၇၁၆ ခုနှစ်တွင် မွန်ဘုရင်ဗညားဦးသည် ကျိုက်ခေါက်စေတီတော်ကို တိုက်စေတီမှ သင်တိုင်းစေတီပုံစံ ပြောင်းလဲတည်ပြီး၊ ဆံတော်ဓါတ်တော်များအဖြစ် ရွှေပြားခတ်၊ ငွေပြားခတ် ဆင်းတုတော် ပယင်းဆင်းတုတော်အဆူဆူကို ဌာပနာပြီး ထီးတော်သစ်တင်လှူခဲ့ပါသည်။ ဥာဏ်တော်အမြင့် (၂၇) တောင်ဖြစ်ပါသည်။ သက္ကရာဇ် ၇၇၈ ခုနှစ်၊ ကဆုန်လဆန်း (၄)ရက် ဗုဒ္ဓဟူးနေ့တွင် ငလျင်ပြင်းစွာ လှုပ်၍ နှစ်ခြမ်းပြိုကျပြီး အုတ်ပုံအဖြစ် ရောက်ရှိသွားသည့်စေတီကို ရာဇာဓိရာဇ်မင်း (ဗညားဦး၏သားတော်) က ဥာဏ်တော် အတောင် (၃၀)အမြင့် စေတီပြန်လည် တည်ဆောက်ပြီး ထီးတော်တင်ခဲ့ပါသည်။
သက္ကရာဇ် ၈၂၀ တွင် ငလျင်ပြင်းစွာလှုပ်သောကြောင့် အက်ကွဲပြိုပျက်ခဲ့ပြန်ရာ၊ ရာဇာဓိရာဇ်မင်း၏ သမီးတော်ဘုရင် မကြီး ရှင်စောပုက ခမည်းတော်တည်လှူခဲ့သည့် ဥာဏ်တော်အတိုင်းပြန်တည်ပြီး ထီးတော်၊ ငှက်မြတ်နားတော်စသည်များကို အသစ်တင်လှူခဲ့ပါသည်။
သက္ကရာဇ် ၈၉၀ ခုနှစ် တွင် လေပြင်းမုန်တိုင်းဒဏ်ခံ၍ ထီးတော်သည် သံတိုင်နှင့်တကွ ကျွတ်ထွက် ကျပျက်ခဲ့ပါသည်။ ဗညားဦးမင်း၏ နောက်ဆုံးမင်းဆက် ‘ သုရှင်တကာ ရွတ်ပိမင်း ‘ က ၊ ယင်းနှစ်တပေါင်းလပြည့်နေ့တွင် ထီးတော်အသစ်ကိုလှူ ဒါန်းခဲ့ပါသည်။
သက္ကရာဇ် ၉၂၆ ခုနှစ်၊ နယုန်လဆန်း (၆)ရက် ဗုဒ္ဓဟူးနေ့တွင် ငလျင်ကြီးစွာလှုပ်သောကြောင့် စေတီတော်သည်ပန်းတည် ခုံပါမကျန် ပြိုကျပျက်စီးရပြန်ပါသည်။ ဘုရင့်နောင်မင်းတရားကြီးကိုယ်စား ၀န်ကတော်ရှင်ငြိမ်းက ပြန်လည်တည်ထားခဲ့ရာ ဥာဏ်တော်မှာ ‘၅၆’ တောင်ဖြစ်ပါသည်။ ၉၇၂ ခုနှစ် ၀ါဆိုလဆန်း (၈)ရက်နေ့တွင် ဘုရင့်နောင်မင်းတရားကြီး ကြွရောက်လာပြီး ထီးတော်၊ ငှက်မြတ်နား၊ ကြာဖူး တော်တို့ကို တင်လှူပူဇော်ခဲ့ပါသည်။
သက္ကရာဇ် ၉၆၂ ၊ ၉၆၃ ခုနှစ်များတွင် ပေါ်တူဂီစစ်ဗိုလ် ငဇင်ကာကြီးနှင့်ငဇင်ကာငယ် (ဒီဗရီတို) တို့နှစ်ဦး၏ ဖျက်စီးခြင်း ခံခဲ့ရသည့် ထီးတော်၊ ငှက်မြတ်နား၊ ကြာဖူးများကို ၉၇၅ ခုနှစ် တပို့တွဲလပြည့် ကြာသပတေးနေ့တွင် အနောက်ဘက်လွန်မင်းက အသစ်ပြန်လည်တင်လှူပူဇော်ခဲ့ပါသည်။ သက္ကရာဇ် ၁၀၄၁ ခုနှစ် ၊ တန်ဆောင်မုန်းလဆန်း (၇)ရက် ၊ ကြာသပတေးနေ့တွင် ငလျင်လှုပ်ခတ်၍ ထီးတော်၊ ငှက်မြတ် နား၊ ကြာမှောက်ကြာလန် ကြာဖူး ပန်းတည်ခုံ ပေါ်လျောကျခဲ့ရာ၊ သန်လျင်မြို့ ၀န် သီရိဒေ၀၊ ပဲခူး နိုင်ငံမှူး ဇေယျဗလ၊ ဟံသာ၀တီအခွန်၀န် သီဟယော်ဓါ တို့က ပြန်လည်ပြင်ဆင်ပြီး ၁၀၄၂ ခုနှစ် ကဆုန်လဆန်း (၃)ရက် ၊ အင်္ဂါနေ့တွင် မင်းရဲကျော်ထင်ကိုယ်စား ထီးတော်စသည်များကို ပြန်လည်တင်ထားပူဇော်ခဲ့ပါသည်။
သက္ကရာဇ် ၁၁၃၀ ခုနှစ်၊ နယုန်လပြည့်ကျော် (၁၃)ရက် စနေနေ့တွင် ငလျင်ပြင်းစွာလှုပ်၍ ကျည်း၀န်းအထက်ပြိုကျခဲ့ ပါသည်။ အလောင်းဘုရားမင်းတရားကြီး၏ ဒုတိယသားတော် မြေဒူးမင်းခေါ်ကုန်းဘောင်ဆင်ဖြူရှင်မင်းက ပြန်လည်တည်လှူ ရာ ရွှေတိဂုံပုံတူ၊ ဥာဏ်တော်အတောင် (၁၁၀)ဖြစ်လေသည်။ ၁၁၃၆ ခုနှစ် တပေါင်းလပြည့် ဗုဒ္ဓဟူးနေ့တွင် ထီးတော်ဟောင်းမှ ရွှေငွေကျောက်များ ထီးတော်သစ်တွင် ပြန်လည်တပ်ဆင်ပြီး ထီးတော်အသစ် ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ သက္ကရာဇ် ၁၂၂၀ ခုနှစ်တွင် မြေဒူးမင်းလှူဒါန်းခဲ့သော ထီးတော်ဟောင်းနွမ်းချို့ယွင်းနေသဖြင့် သန်လျင်မြို့အုပ် ဦးသာထွန်းအောင်နှင့်ဒေါ်ပွင့် မိသားစုက ထီးတော်အသစ်ကို အစားထိုးတင်လှူခဲ့ပါသည်။
သက္ကရာဇ် ၁၂၇၇ ခုနှစ်တွင် ဦးသာထွန်းအောင် တင်လှူခဲ့သည့် ထီးတော်မှာ ချို့ယွင်းတိမ်းစောင်းပြန်သဖြင့် ဦးသာထွန်း အောင်၏ သမီး ဒေါ်သက်စံက ၁၂၇၈ ခုနှစ် တပို့တွဲလတွင် ဇာတ်မင်းသားကြီး ဦးဘိုးစိန်ဇာတ်သဘင် အဖွဲ့ဖြင့် ထီးတော်အသစ် ကို တင်လှူပူဇော်ခဲ့ပါသည်။ သက္ကရာဇ် ၁၂၉၂ ခုနှစ် ကဆုန်လဆန်း (၉)ရက် တနင်္လာနေ့ ည (၈)နာရီ (၁၅)မိနစ်တွင် ငလျင်ပြင်းစွာလှုပ်၍ ခေါင်းလောင်းပုံအထက်ပိုင်းပြိုကျခဲ့ရာ၊ ပြိုကျပျက်စီးသော စေတီတော်ကိုပြန်လည်ပြုပြင်ပြီး၊ ရန်ကုန်မြို့ လမ်း (၅၀)နေ သူဌေး ဦးဘရှင်နှင့်ဇနီး ဒေါ်ခင်ညွှန့်တို့က အချင်း (၇)တောင် (၁)မိုက်၊ အမြင့် (၁၅)တောင် (၁)လက်၀ါးရှိ ဘုံ(၉)ဆင့် ကြေးနီထီးတော်ကြီး ကို ၁၂၉၄ ခုနှစ် တပို့တွဲလပြည့်နေ့တွင် တင်လှူပူဇော်ခဲ့ပါသည်။ ဥာဏ်တော်မှာ ထီးတော်မပါ (၁၂၃)တောင်၊ ထီး၊ စိန်ဖူးတော်အထိပေအားဖြင့် ၂၂၄’ . ၆’’ ဥာဏ်တော်အမြင့် ရှိပါသည်။

မျက်မှောက်ခေတ် သာသနာတော် ထိန်းသိမ်းစောင့်ရှောက်မှု
