ခေါင်းလောင်းနှစ်လုံး အသေးစိတ် အချက်အလက်များ ကျိုက္ကစံစေတီတော်၏ အနောက်ဘက် မဟာရံတံတိုင်းအတွင်း၌ ခေါင်းလောင်းနှစ် လုံးရှိသည့်အနက် ခေါင်းလောင်းကြီးကို ပွဲစားကြီးဦးလွန်းက ၁၂၃၉-ခုနှစ်၌ လှူဒါန်းသည်။ ကြေးပိဿသုံးရာရှိသည်။ ခေါင်းလောင်းကို ရန်ကုန်မြို့ ပေ ၅၀-အထက်ပိုင်းအမှတ် ၅၉နေ ဘုရားအမ ဒေါ်ပိုက် ၁၂၆၇-ခု တပို့တွဲလဆန်း(၁၁)ရက်နေ့၌ လှူဒါန်းသည်။ ကြေးချိန်တရာ ခြောက်ပိဿရှိသည်။