နဂါးရုံအောင်တော်မူမြတ်စွာဘုရား

အသေးစိတ် အချက်အလက်များ




၁၃၈၃-ခုနှစ် ပြာသိုလဆန်း-၆ရက် (၇.၁.၂၀၂၂)ရက်နေ့ နံနက်(၉)နာရီတွင် မြေသန့်မင်္ဂလာ နှင့် ပန္နက်တင်မင်္ဂလာအခမ်းအနားပြုလုပ်ခဲ့သည်။ အုတ်မြစ်စီမင်္ဂလာအခမ်းအနားကို ၁၃၈၃-ခုနှစ်၊ ပြာသိုလပြည့်နေ့ (၁၆.၁.၂၀၂၂)ရက်နေ့ နံနက်(၉)နာရီတွင် ပြုလုပ်ခဲ့သည်။ မြန်မာမှု နဂါးပညာရှင် ဦးအေးစိုးနှင့်အဖွဲ့မှ ဦးစီး၍ နဂါးရုံအောင်တော်မူမြတ်စွာဘုရားကို ထုလုပ် ပူဇော်ခဲ့သည်။ ဌာပနာတော်သွင်းမင်္ဂလာကို ၁၃၈၃-ခုနှစ် တပို့တွဲလပြည့်ကျော် (၉)ရက် (၂၄.၂.၂၀၂၂)ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ ရုပ်ပွားတော်ပင့်ဆောင်ခြင်းမင်္ဂလာကို ၁၃၈၃-ခုနှစ် တပို့တွဲလကွယ် (၁.၃.၂၀၂၂)ရက်နေ့တွင် အရှေ့ဘက်မုခ် အာရုံခံတန်ဆောင်းမှ နဂါးရုံ အောင်တော်မူ ဘုရားပလ္လင်ပေါ်သို့ ပင့်ဆောင်တော်မူသည်။ ဘုရားအနေကဇာတင်နှင့် ရေစက်ချအလှူတော်မင်္ဂလာကို ၁၃၈၃-ခုနှစ် တပေါင်းလပြည့်ကျော် (၁၄)ရက် (၃၀.၃.၂၀၂၂) ရက်နေ့တွင် ပြုလုပ်ခဲ့သည်။