ဘုရားဒါယကာမကြီး ဒေါ်ဒွေး၏ကောင်းမှုများ

အသေးစိတ် အချက်အလက်များ


ကျိုက္ကစံဘုရား တနင်္ဂနွေထောင့်၌ ငွေတသောင်းနှစ်ထောင်ကုန် တိုက်ဇရပ်တလုံးနှင့် ၎င်းတိုက်ဇရပ်အတွင်း၌ ပါဠိတော် အဌကထာ၊ ဋီကာ၊ ဂဏ္ဌိ၊ ဂန္ထန္တရ ဗဟုသုတ စာအုပ်စာ တမ်းအစုံ ပိဋကတ်တော်တို့ကို လှူဒါန်းသည်။ ၎င်းတိုက်ဇရပ်၏ မြောက်ဘက်၌ သံတန်ဆောင်းနှင့် ခေါင်းလောင်းကြီးတလုံးကို လှူဒါန်းသည်။ ၎င်းခေါင်းလောင်း၌ ကမ္ဗည်း စာအကျဉ်းကား-
ဝိသာခါကဲ့သို့ သဒ္ဓါပြည့်စုံဘောကဗလကုံလုံ နုနယ်ပျိုမြစ်သော ရူပကာယဂုဏ်တို့နှင့် ပြည့်စုံသော ဖွားသက္ကရာဇ် ၁၂၀၂-ခု အသက်(၈၅)နှစ်ရှိ ပုဇွန်တောင်အိုးဖိုရပ်နေ သူဌေးမ ဒေါ်ဒွေးက ကောဇာနှစ် ၁၂၈၅-ခု နတ်တော်လဆန်း(၁၅)ရက်နေ့တွင် လှူဒါန်းသော ခေါင်း လောင်းတော်ကြီး ကြေးချိန်ပိဿ သုံးထောင်ကျော်ရှိသည်။
(၁) ခေါင်းလောင်းကြီးကုန်ငွေ ၁၅၀၀၀
(၂) ကျိုက္ကစံဘုရားတိုက်ဇရပ်ကုန်ငွေ ၁၂၀၀၀
(၃) ကျိုက္ကစံဘုရား ကုန်ငွေ ၁၇၀၀၀
(၄) ကျိုက္ကစံအရှေ့ကျောင်းဆောက်လုပ် လှူဒါန်းကုန်ငွေ ၁၂၀၀၀
(၅) ပုဇွန်တောင် တောင်လုံးပြန် ကျောင်းတိုက်ဆောက်လုပ် လှူဒါန်းကုန်ငွေ ၁၅၀၀၀
ဘုရားအမကြီး ဒေါ်ဒွေး၏ အရိုးဂူ
ကျိုက္ကစံဘုရားအမကြီး ဒေါ်ဒွေး၏ ရုပ်ထုပုံနှင့် အုတ်ပြသာဒ်အရိုးဂူသည် ကျိုက္ကစံ ဘုရားဝတ္ထုကံမြေ အတွင်းတောင်ဘက်၌ ရှိသတည်း။