စနေတန်ဆောင်း

အသေးစိတ် အချက်အလက်များ

 

စနေတန်ဆောင်း
ဂန္ဓကုဋီတိုက်၏ အနောက်တောင်ကပ်လျက်၊ စနေထောင့်တွင် စနေတန်ဆောင်းရှိသည်။ တန်ဆောင်းများအားလုံးအနက် ဆိတ်ငြိမ်မှုအရှိဆုံးနှင့် အအေးချမ်းဆုံးတန်ဆောင်းမှာ စနေတန်ဆောင်းဖြစ်သည်။ တရားအားထုတ်ရှုမှတ်ရန် နေရာကျယ်ကျယ်ဝန်းဝန်းလည်းရှိသဖြင့် ယောဂီများ၊ တရားအားထုတ်သူများ တရားရှုမှတ်လေ့ရှိသောတန်ဆောင်းလည်းဖြစ်သည်။တန်ဆောင်းကြီးအလယ်တွင်ခြတောင်ပိုကြီးတစ်ခုရှိပြီး သိုက်နှင့်ဆက်စပ်ယုံကြည်သူများလည်းရှိကြသည်။