ဘုရားငါးဆူတန်ဆောင်း

အသေးစိတ် အချက်အလက်များ

ဘုရားငါးဆူတန်ဆောင်း
ဘုရားငါးဆူတန်ဆောင်းသည် ဂန္ဓကုဋီတိုက်ကြီး၏ အရှေ့တောင်ယွန်းယွန်း၊ ဗားကရာစေတီတော်၏အနောက်ဘက်၊ ဝေဇယန္တာတန်ဆောင်း၏တောင်ဘင်တွင်ရှိပြီး အနောက်ဘက်တွင် နှစ်ကျိပ်ရှစ်ဆူတန်ဆောင်းနှင့်ကပ်လျက်တည်ရှိသည်။ ဤဘဒ္ဒကမ္ဘာတွင်ပွင့်တော်မူပြီးသော ကကုသန်ဘုရား၊ ကောဏဂုံဘုရား၊ ကဿပဘုရား၊ ဂေါတမဘုရားနှင့်နောင်ပွင့်လတ္တံ့သော အရိမေတ္တယျဘုရားတို၏ ရုပ်ပွားဆင်းတုတော်ကြီးများအား ကြည်ညိုဖွယ် တည်ထားကိုးကွယ်ထားပြီး အခြားဆင်းတုငယ်တစ်ဆူအားလည်း တည်ထားသည်ကိုတွေ့မြင်နိုင်ပါသည်။