ရွှေသာလျောင်းတန်ဆောင်း အသေးစိတ် အချက်အလက်များ ရွှေသာလျောင်းတန်ဆောင်းဂန္ဓကုဋိီတိုက်ကြီး၏ တောင်ဘက်တည့်တည့်တွင်ရှိသော ရွှေသာလျောင်းတန်ဆောင်းသည် အေးတန်ဆောင်း၊ နှစ်ကျိပ်ရှစ်ဆူတန်ဆောင်းတိုနှင့်ကပ်လျက်တည်ရှိသည်။ တန်ဆောင်းအတွင်း ရွှေသာလျောင်းဆင်းတုတော်ကိုတည်ထားကိုးကွယ်ပြီး အခြားရုပ်ပွားဆင်းတုတော်များလည်းရှိသည်။ တန်ဆောင်း၏အနောက်ဘက်တွင် ဘုံကိုးဆင့်သိမ်တော်ကြီးရှိသည်။