နှစ်ကျိပ်ရှစ်ဆူတန်ဆောင်း

အသေးစိတ် အချက်အလက်များ

 

နှစ်ကျိပ်ရှစ်ဆူတန်ဆောင်း
ဘုရားငါးဆူတန်ဆောင်း၏ အနောက်ဘက်ကပ်လျက်တွင် နှစ်ကျိပ်ရှစ်ဆူတန်ဆောင်းရှိသည်။ ဂန္ဓကုဋီတိုက်ကြီး၏ တောင်ဘက်စူးစူးနှင့် အရှေ့တောင်စူးစူး၏ကြားတွင်တည်ရှိပြီး အနောက်ဘက်တွင် ရွှေသာလျောင်းတန်ဆောင်းနှင့်ကပ်လျက်တည်ရှိသည်။ တန်ဆောင်း၏ရှေ့မျက်နှာစာ၊ မြောက်ဘက်တွင် ဗောဓိပင်တစ်ပင်ရှိပြီး တန်ဆောင်းအတွင်း၌ ဒီပင်္ကရာမြတ်စွာဘုရားမှစ၍ ဤဘဒ္ဒကမ္ဘာပွင့်တော်မူပြီးသော ကကုသန်မြတ်စွာဘုရား၊ကောဏဂုံမြတ်စွာဘုရား၊ ကဿပမြတ်စွာဘုရားနှင့်ဂေါတမမြတ်စွာဘုရားထိ နှစ်ဆယ့်ရှစ်ဆူသောဘုရားရှင်များ၏ ရပ်တော်မူရုပ်ပွားတော်များကို ထုလုပ်ပူဇော်ထားပါသည်။