ကျောက်စာတိုင်များ

အသေးစိတ် အချက်အလက်များ

ဩဝါဒပါတိမောက်ကျောက်စာ
ဘုရားကြီး၏လက်ဝဲဘက်ရှေ့ထောင့်၊ ဂန္ဓကုဋီတိုက်ကြီးအတွင်း အနောက်မြောက်အစွန်ဆုံးအရပ်၊ ပဌာန်းရင်ပြင်၏အနောက်ဘက်တွင် ဩဝါဒပါတိမောက်ကျောက်စာတည်ရှိသည်။ ဩဝါဒပါတိမောက်ကျောက်စာ၌ ဘုရားရှင်၏အဆုံးအမတရားတော်များအား မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့်ရေးထိုးထားပါသည်။
ဘုရားသမိုင်းစာများ
အတုလာဓိပတိ မဟာမုနိသကျ ကိုးထပ်ကြီးရုပ်ပွားဆင်းတုတော်မြတ်ကြီး၏ အရှေ့မြောက်ဘက်၊ ဦးလှကျော်တန်ဆောင်းအတွင်း၊ ပါဒခြေတော်ရာအနီးတွင် ဘုရားသမိုင်းနှင့်ဘုရားကြီးတည်ထားပုံအကြောင်း စာများရှိပါသည်။