ဆုတောင်းပြည့်ဘုရား အသေးစိတ် အချက်အလက်များ ဆုတောင်းပြည့်ဘုရားအတုလာဓိပတိ မဟာမုနိသကျ ကိုးထပ်ကြီးဘုရားဝန်း၏ အရှေ့မြောက်ထောင့်၊ တနင်္ဂနွေထောင့်၊ မူလဗောဓိညောင်ပင်ကြီးအနီး၌ ဆုတောင်းပြည့်ရုပ်ပွားတော်ရှိရာ ဘုရားကျောင်းဆောင်ရှိသည်။ အဆိုပါရုပ်ပွားဆင်းတုတော်သည် ဗားကရာလမ်းမကြီး၏ဘေးကပ်လျက်တွင် တည်နေတော်မူသည်။