ပါဒ‌စေတီများ

အသေးစိတ် အချက်အလက်များ

 

ပါဒ‌စေတီများ
စေတီတော်ဝန်းအတွင်း၌ ပါဒစေတီနှစ်ဆူ တည်ထားကိုးကွယ်လျက်ရှိရာ တစ်ဆူမှာဂန္ဓကုဋီတိုက်အတွင်း ထိုင်တော်မူဆင်းတုတော်ကြီး၏အရှေ့မြောက်အရပ်၊ ဦးလှကျော်တန်ဆောင်းအတွင်းရှိပြီး ကျန်တစ်ဆူမှာ ဂန္ဓကုဋီတိုက်၏ အနောက်မြောက်အရပ်၊ရာဟုထောင့်၊ရုပ်တုတန်‌ဆောင်းအတွင်းတွင်တည်ရှိပါသည်။ ဂေါတမမြတ်စွာဘုရားရှင်၏ အသက်အန္တရာယ်ထိခိုက်မှုမရှိခဲ့ဘူး‌သောဖြစ်တော်စဉ်ဘဝများအား ခြေတော်ရာ၏ဘေးမှ ထည့်သွင်းပုံဖော်ထားရာ ကိုးကွယ်ယုံကြည်သူများဘေးအန္တရာယ်ကင်းရှင်းစေသည်ဟု အဆိုရှိသည်။