အတုလာဓိပတိ မဟာမုနိသကျ ကိုးထပ်ကြီး ရုပ်ပွားဆင်းတုတော်မြတ်ကြီး

အသေးစိတ် အချက်အလက်များ

အတုလာဓိပတိ မဟာမုနိသကျ ကိုးထပ်ကြီး ရုပ်ပွားဆင်းတုတော်မြတ်ကြီး
အတုလာဓိပတိ မဟာမုနိသကျ ကိုးထပ်ကြီး ရုပ်ပွားဆင်းတုတော်မြတ်ကြီးသည် ကိုးထပ်ကြီးဘုရား၏ ဂန္ဓကုဋီတိုက်အတွင်း၌ မြောက်အရပ်သိုမျက်နှာမူဟန်ဖြင့်တည်ထားသော ထိုင်တော်မူရုပ်ပွားတော်ကြီးဖြစ်သည်။ သာသနာတော်နှစ် ၂၄၄၉-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၂၆၇-ခုနှစ်၊ ဝါခေါင်လဆန်း (၁၀)ရက်၊ ခရစ်သက္ကရာဇ် (၉-၈-၁၉၀၅) ဗုဒ္ဓဟူးနေ့ နံနက် (၆:၃၀)အချိန်တွင် ရန်ကုန်တိုင်း စမ်းချောင်းမြိုနယ်၊ ၁၄-ဧက တစ်မတ် အကျယ်ရှိသော ဗားကရာတိုက်အတွင်း၌ တည်ရှိတော်မူပြီး ပလ္လင်ဗွေမှ ထိပ်တော်မဏိ အထိ အမြင့်ပေ (၇၂)ပေ ရှိသည်။ ဆင်းတုတော်မြတ်ကြီး၏ လက်ယာလက်မနှင့်လက်ညှိးတော်ကြားတွင် သင်္ကန်းစညှပ်လျက် တည်ထားခဲ့ရာ ယခုအခါတွင် အဓိဌာန်အောင်စေသည်ဟု ယုံကြည်သက်ဝင်သူများပြားလျှက်ရှိသည်။