ရဟန္တာကြီးများအားပူဇော်ခြင်း အသေးစိတ် အချက်အလက်များ ကိုးထပ်ကြီးရုပ်ပွားဆင်းတုတော်မြတ်ကြီး၏ လက်ယာဘက်တွင် ရှင်သာရိပုတ္တရာ ရဟန္တာရုပ်တု၊ ရှင်သီဝလိရဟန္တာရုပ်တု၊ ဘုရားကြီး၏ရှေ့လက်ဝဲဘက်တွင် ရှင်မဟာမောဂ္ဂလန်ရဟန္တာရုပ်တု၊ ရှင်ဥပဂုတ္တရဟန္တာရုပ်တုနှင့် ဘုရားကြီး၏လက်ဝဲဘေးဘက်တွင် ရှင်အာနန္ဒာရဟန္တာရုပ်တုများကို မှန်ကျောင်းဆောင်များ၌ထည့်သွင်းပူဇော်ထားပါသည်။