ပဌာန်းရင်ပြင် အသေးစိတ် အချက်အလက်များ ပဌာန်းရင်ပြင်သည် အတုလာဓိပတိ မဟာမုနိသကျ ကိုးထပ်ကြီးရုပ်ပွားဆင်းတုတော်မြတ်ကြီး၏ မျက်နှာမူရာရှေ့ဘက် ဂေါပကရုံးခန်း၏တောင်ဘက်တွင် ကပ်လျက်တည်ရှိသည်။ ဘုရားကြီးအားပူဇော်ခြင်း၊ ပဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ ဓမ္မစကြာ၊ပရိတ်တရားများရွတ်ဖတ်ပူဇော်ခြင်းတိုကို ပဌာန်းရင်ပြင်၌ပြုလုပ်လေ့ရှိသည်။