သီတင်းကျွတ်လပြည့်နေ့

အသေးစိတ် အချက်အလက်များ

ပွဲတော်အမည် – သီတင်းကျွတ်လပြည့်နေ့
ပိဋကတ်စာပေများ၌ ဘုရားရှင်သည် မယ်တော်မိနတ်သားကို ကျေးဇူးဆပ်သောအနေဖြင့် အဘိဓမ္မာဒေသနာတော်ကို ဝါတွင်းကာလတွင် တာဝတိံသာနတ်ပြည်၌ ဟောကြားတော်မူပြီး ဝါကျွတ်သောအခါ လူ့ပြည် သင်္ကဿနဂိုရ်သို့ ဆင်းသက်တော်မူရာတွင် လူများကြိုဆို၍ မီးထွန်းညှိပူဇော်ခြင်းကို ဥပမာပြုသည်ကတစ်ကြောင်း၊ မုနိကိုးဝ နောက်ဆုံးပြ၍ အစစမညှိုးနွမ်း တစ်စတစ်စ တန်ခိုးအစွမ်း တို့ကြောင့် ကိုးဂဏန်းဖြင့် တြင်းကြေ၊ နဝင်းကြေ၊ ယွင်းမသွေ အကျိုးဆက်တို့ကြောင့် တန်ခိုးထွက်ခြင်း ရှိသည်မှာလည်းထူးခြားချက်တစ်ရပ် ဖြစ်သည်ကတစ်ကြောင်း သီတင်းကျွတ်လပြည့်နေ့ရောက်တိုင်းတွင် ဘုရားကြီး၏ ဂေါပကအဖွဲ့ဝင်လူကြီးများကဦးဆောင်ပြီး ဗုဒ္ဓဝေယျာဝစ္စအသင်းများ အကျိုးဆောင် အဖွဲ့လူကြီးများ၊ ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စ အသင်းသူ/သားများနှင့် ဘုရားဖူးလာရောက်ကြသောအများပြည်သူများကောင်းမှု စုပေါင်း၍ ဘုရားရင်ပြင်တော်ပေါ်တွင် မြတ်စွာဘုရားရှင်အားရည်မှန်း၍ ညချမ်းအခါသမယတွင် ဆီမီး ၉၀၀၀ ကို ထွန်းညှိပူဇော်ကြပါသည်။