ဝါခေါင်လဆန်း(၁၀)ရက်

အသေးစိတ် အချက်အလက်များ

ပွဲတော်အမည် – ဝါခေါင်လဆန်း(၁၀)ရက်
အတုလာဓိပတိ မဟာမုနိသကျ ကိုးထပ်ကြီး ရုပ်ပွားဆင်းတုတော်မြတ်ကြီးကို သာသနာတော်နှစ် ၂၄၄၉-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၂၆ရ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀-ရက်၊ ခရစ်နှစ်(၉-၈-၁၉ဝ၅)၊ ဗုဒ္ဓဟူးနေ့ နံနက် (၆း၃၀) နာရီအချိန်တွင် ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့ နယ်၊ ၁၄-ဧက ၁-မတ် အကျယ် ရှိသော ဗားကရာတိုက်အတွင်း၌ ဇမ္ဗူတစ်ခွင်တွင် တူယှဉ်မရ၊ လူတွင်မက နတ်တွေကပါ ဖန်ဆင်းလာ၍ ဝိလာသဂ္ဂ စိတြဒေဟံ၊ ဣဿရ ရွှေဉာဏ်ဖြင့်၊ မသွေအမှန် ဝင့်ထည်၊ ကန်တင့်တယ်အောင် ဖူးချင်စဖွယ် ဉာဏ်သွင်း၍ ဖန်ဆင်းတည်ထောင်ခဲ့ခြင်းဖြစ်ပေသည်။ ဂန္ဓကုဋိကျောင်းတော်အမိုးမှာ မျိုးရိုးဇာတိ၊ ကမ္ဘာသိအောင် တမင်ဖန်၍ အင်္ဂလန်ဘိလပ်၌ အပြီးသတ်ပုံစံချိုး၍ မြန်မာမှာစံပြုရတဲ့ မဟာဗန္ဓုလ စစ်သူကြီး၏ ခမောက်ပုံလို မျိုးဂုဏ်ဇာတိ၊ တန်ခိုးဂုဏ် အဋ္ဌာကြည့်လျက် မြန်မာ၏ကျမ်းအရကို မှန်းဆရှုကြည့်၍ ဂန္ဓကုဋိကျောင်းတော်အမိုးတို့ဖြင့် သောင်းကျော်အောင် တန်ခိုးဝင့်ထည်သောကြောင့် အမျိုးမျိုးတင့်တယ်ခြင်းရှိသည်မှာ အံ့မခန်းရှိလှချေသည်။ ဖူးမြော်သူ ခရီးပန်းပေမယ့် အထူးကျော်လိုမှု တစ်နည်းဆန်းတာက စည်းကမ်းအရာအဖုံဖုံ ချီးမွမ်းစရာစုံအောင် တန်ခိုးဂုဏ်များလည်း ကြီးမားလှ သည့် ဘုရားကြီးတည်ထားကိုးကွယ်ခြင်းကို ဂုဏ်ယူအမှတ်ရနေစေရန် ရည်ရွယ်ပြီး ဘုရားကြီး၏ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သည် နှစ်စဥ်ဝါခေါင်လဆန်း(၁၀)ရက်နေ့မရောက်မီ ဘုရားကြီး၏ သက်တမ်းတော်အလျောက် နာရီသတ်မှတ်ပြီး ပန္နက်တော်တင်(ဝိဇာတမင်္ဂလာပွဲ) ကျင်းပမည်နေ့အထိ အချိန်ကိုက်ညှိနှိုင်းကာ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ခြင်း တို့ကိုပြုလုပ်ကာ နှစ်စဥ်ဝါခေါင်လဆန်း(၁၀)ရက်နေ့ရောက်တိုင်းတွင် ဘုရားကြီး၏ ပန္နက်တော်တင်(ဝိဇာတမင်္ဂလာပွဲ)ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပါသည်။