မြန်မာနှစ်ဆန်းတစ်ရက်နေ့

အသေးစိတ် အချက်အလက်များ

ပွဲတော်အမည်  – မြန်မာနှစ်ဆန်းတစ်ရက်နေ့

နှစ်ဟောင်းကုန်ပြီး နှစ်သစ်သို့ ကူးပြောင်းသောအခါ တန်ခူးလမှစ၍ တစ်နှစ်တာ ကာလပတ်လုံး မကောင်းသော ဘေးအန္တရာယ်များ မကျရောက်စေရန်နှင့် ကောင်းမြတ်သော ကျက်သရေမင်္ဂလာများ ပြည့်စုံကြစေရန် ရည်ရွယ်၍ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သည် မြန်မာနှစ်ဆန်းတစ်ရက်နေ့ နံနက်အရုဏ်တက်ချိန်တွင် ဂေါပကအဖွဲ့ဝင်များ ဦးဆောင်ပြီး ဗုဒ္ဓဝေယျာဝစ္စအသင်းများ အကျိုးဆောင်အဖွဲ့လူကြီးများ၊ ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စ အသင်းသူ/သားများမှ စုပေါင်း၍ တန်ဆောင်းအတွင်းတွင် ဘုရားကြီးကို ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးတို့ဖြင့် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ ဘုရားရှင်အား နံ့သာရေဖြင့် သပ္ပာယ်ပူဇော်ခြင်း၊ သံဃာတော်များကို အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ တန်ဆောင်းအတွင်း၌ဆရာတော်ကြီးများထံမှ သီလခံယူခြင်း၊ အန္တရာယ်ကင်းပရိတ်တရားနာကြားခြင်း၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ အနုမောဒနာ တရားနာယူပြီး ရေစက်ချ အမျှပေးဝေခြင်းတို့ကို ပြုလုပ်ကာ ဗုဒ္ဓ၊ ဓမ္မ၊ သံဃပူဇာ ပြည့်စုံစွာဖြင့် နှစ်သစ်မင်္ဂလာ အခါတော်နေ့ အခမ်းအနားကြီးကို ကျင်းပပြုလုပ်ပါသည်။