ကြေငြာချက်များ

သတိပြုဖွယ်များ

အသိပေးတားမြစ်ချက်များ

၁။ စေတီတော်တွင် ဓါတ်ပုံ/ ဗီဒီယို ရိုက်ကူးရေးကိစ္စများ၊ လှူဒါန်းကျွေးမွေးမှု ကိစ္စများအား ရုံးအဖွဲ့မှူးရုံးခန်းတွင် လာရောက်လျှောက်လွှာတင် ခွင့်ပြုချက်ရမှသာလျှင် လုပ်ဆောင်ခွင့်ရရှိမည်ဖြစ်ပါသည်။
၂။ စေတီတော်ပေါ်နှင့် ဝတ္ထုကံမြေအတွင်း မောင်းသူမဲ့လေယာဉ်ငယ်နှင့် အဝေးထိန်း (Remote Control System) ယာဉ်ငယ်များ လွှတ်တင်မောင်းနှင်ခြင်း မပြုရန် သတိပေး တားမြစ်အပ်ပါသည်။
၃။ ရင်ပြင်တော်ပေါ်တွင် အဂါရဝဖြစ်စေသောပြုမူနေထိုင်ခြင်း များနှင့် Tik Tok ရိုက်ခြင်းများ မပြုလုပ်ပါရန် တားမြစ်ပါသည်။ ၄။ ဘုရားဖူးအမျိုးသမီးများ မြန်မာ့ယဉ်ကျေးမှုနှင့်ဆန့်ကျင်သော အမြင်မတော်သည့် အသားကပ် ဘောင်းဘီဝတ်ဆင်၍ တက်ရောက်ခြင်းမပြုကြပါရန်မေတ္တာရပ်ခံပါသည်။ ရင်ပြင်တော်ပေါ်သို့ တက်ရောက်မည်ဆိုပါက ခြေအိတ်မဝတ်ရ၊ ဖိနပ်မစီးရ၊ စကတ်တို၊ ဘောင်းဘီတိုမဝတ်ရ၊ ရင်ဟိုက်၊ လည်ဟိုက်အင်္ကျီ မဝတ်ရ။

နိုင်ငံခြားသား ဧည့်ဝင်ကြေးကောက်ခံမှု နှုန်းထားများ

၁။ ကိုးထပ်ကြီးဘုရားသို့ တက်ရောက်သည့် နိုင်ငံခြားသား ဧည့်သည်တစ်ဦးလျှင် ဧည့်ဝင်ကြေး ၂၀,၀၀/- (ကျပ်နှ‌စ်ထောင်းတိတိ) ဖြစ်ပါသည်။

လှူဒါန်းမှုဆိုင်ရာများ

  • ဘဏ္ဍာရေးဌာနသည် ဂေါပကအဖွဲ့ကချမှတ်ထားသော ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့်အညီ ရငွေဆိုင်ရာကိစ္စရပ်များ စနစ်တကျ ထိန်းသိမ်းထားရှိရေး။
  • သုံးစွဲရေးဆိုင်ရာကိစ္စရပ်များကို ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းစည်းကမ်းဘောင်အတွင်းမှ စနစ်တကျစီစစ်ချွေတာသုံးစွဲရေး။
  • အသုံးစရိတ်များစိစစ်ပေးချေခြင်း၊ အသုံးစရိတ်များကို ဘဏ္ဍာရေးနှစ်အတွင်း ဘတ်ဂျက်လျာထားသော လုပ်ငန်းဖြစ်ခြင်း၊ ဆောင်ရွက်သောလုပ်ငန်းအတွက် အုပ်ချုပ်မှု ခွင့်ပြုမိန့် ရရှိပြီးဖြစ်ခြင်း၊ အသုံးစရိတ်များသည် လျော်ကန် သင့်မြတ်မှုရှိခြင်း။
  • ဌာနအလိုက်အသုံးစရိတ်များ ကို သက်ဆိုင်ရာတာဝန်ခံဂေါပကအဖွဲ့၏ စိစစ်ထောက်ခံချက်ဖြင့် ဂေါပကအဖွဲ့အစည်းဝေးသို့ တင်ပြခြင်း၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သို့ တင်ပြသည့်အသုံးစရိတ်ကို သဘောတူ ဘဏ္ဍာရေးဆိုင်ရာ ခွင့်ပြုမိန့်ချမှတ်ပေးခြင်း၊ ဘဏ္ဍာရေးခွင့်ပြုမိန့်ရရှိသော အသုံး စရိတ်များအတွက် ဘဏ္ဍာရေးဌာနက ပေးချေခြင်း။
  • အလှူခံမဏ္ဍပ်မှ ရရှိသောအလှူတော်ရငွေများ၊ အလှူခံပုံးများရရှိသော အလှူတော်ရငွေများကို ငွေစာရင်း ခေါင်းစဉ်အလိုက် စာရင်းခွဲခြား၍ စနစ်တကျ သိမ်းဆည်းခြင်း။
  • အလှူရှင်များမှ လှူဒါန်းသော အထွေထွေပစ္စည်းများကို အလှူရှင်များသို့ လက်ခံအလှူခံပြေစာ ထုတ်ပေးခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း။
  • လချုပ်စာရင်းများ၊ နှစ်ချုပ်စာရင်းများရေးဆွဲ၍ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သို့ တင်ပြခြင်းကို ဆောင်ရွက်ခြင်း။
  • ဂေါပကအဖွဲ့က ခွင့်ပြုထားသော စာအုပ်၊ စာစောင်၊ ဓါတ်ပုံများကို ရင်ပြင်တော်စာအုပ် အရောင်းဆိုင်တွင် ခင်းကျင်းရောင်းချခြင်း၊ ရရှိသောငွေများကို ဘဏ္ဍာရေးဆိုင်ရာ စည်းကမ်းများနှင့် အညီသိမ်းဆည်းခြင်း၊ အပ်နှံခြင်း၊ စာရင်းသွင်းခြင်း။

ဧည့်လမ်းညွှန်ဆိုင်ရာ

ကိုးထပ်ကြီးဘုရား ပရဝုဏ်အတွင်း ဧည့်လမ်းညွှန်များအဖြစ် လိုက်ပါဆောင်ရွက်ခြင်းများနှင့်ပတ်သက်၍ အသိပေးနှိုးဆော်ချက်

- ဧည့်လမ်းညွှန်များသည် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ တရားဝင် လိုင်စင်ရရှိသူများသာလျှင် ဧည့်လမ်းညွှန်အဖြစ် လိုပ်ပိုင်ခွင့်ရှိသည်။
- ဧည့်လမ်းညွှန်လုပ်ငန်းဆောင်ရွက်နေချိန်အတွင်း သက်တမ်းရှိ လိုင်စင်ကတ်ပြားအား မြင်သာအောင်ချိတ်ဆွဲထားရမည်။
- ဗိုလ်တထောင်ဘုရားပေါ်တွင် အခါအားလျှော်စွာ စစ်ဆေးရေးအဖွဲ့မှ လိုက်လံစစ်ဆေးပါက ကြည်ဖြူစွာ စစ်ဆေးခံရမည်။
- လိုင်စင်ရဧည့်လမ်းညွှန်မပါဘဲ အခြားအဖွဲ့အစည်းများအလိုက် ဘုရားပေါ်သို့ လာရောက် လေ့လာလိုပါက ရှင်းလင်းပြသမည့်သူသည် သက်ဆိုင်ရာအဖွဲ့အစည်းမှ တာဝန်ပေးအပ် ထားသူဖြစ်ကြောင်း အထောက်အထားအား စစ်ဆေးရေးအဖွဲ့သို့ ပြသနိုင်ရမည်။
အထက်ဖော်ပြပါ အချက်အလက်များလိုက်နာမှုမရှိသူများအား လိုင်စင်မဲ့ ဧည့်လမ်းညွှန်အဖြစ် သတ်မှတ်၍ မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလာရေး ဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။