ကိုးထပ်ကြီးစေတီတော် သမိုင်း

ကိုးထပ်ကြီးဘုရားရဲ့ ဘွဲ့အမည်အပြည့်အစုံမှာ “အတုလာဓိပတိ မဟာမုနိသကျ ကိုးထပ်ကြီး ဘုရား” ဖြစ်ပါတယ်။ “အတုလာဓိပတိ မဟာမုနိသကျကိုးထပ်ကြီးဘုရားကြီး” ဟူသောဘွဲ့တော်တွင် စာလုံးပေါင်း ၁၈ လုံးပါဝင်၍ ကိုးနဝင်းကိုက်ညီလျှက်ရှိပါသည်။ ရန်ကုန်တွင် နာမည်ကြီးသည့် ကြီးကိုးကြီးအဓိဋ္ဌာန်၊ ကြီးလေးကြီးအဓိဋ္ဌာန်၊ ဘုရားကိုးဆူအဓိဋ္ဌာန်များတွင် တစ်ဆူပါဝင်သည့် ဘုရားကြီးလည်းဖြစ်ပါသည်။