သာသနိက အဆောက်အအုံများ

သာသနိက အဆောက်အအုံများ

ဝီဇိယမင်္ဂလာ ဓမ္မသဘင်

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ အစည်းအဝေးပွဲများကို သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေ၊ ဝိဇယမင်္ဂလာဓမ္မသဘင်တွင် ကျင်းပကြပါသည်။

အာရုံခံတန်ဆောင်း(ဂေါပကအဖွဲ့ရုံး)

ကမ္ဘာအေးစေတီတော်ကြီးနှင့် ပတ်သက်၍ သီးခြားအဆောက်အဦမှာ ဂေါပကရုံးခန်း ဖွင့်လှစ်ထား ရာ အာရုံခံ တန်ဆောင်းတစ်ခုသာရှိပါသည်။ အခမ်းအနား ကျင်းပရန်အတွက်လည်းကောင်း၊ ဝတ်အဖွဲ့(၂၁)သင်းတို့စုဝေးရန်လည်းကောင်း၊ မလုံလောက်သဖြင့် အခြားအဆောက်အဦးမရှိသည့်အတွက် ဤအာရုံခံတန်ဆောင်း ကိုအသုံးပြုရပါသည်။ အာရုံခံတန်ဆောင်းကို နှစ်စဉ်ဆေးသုတ်ခြင်း၊ ပျက်စီးသည်များကို ပြုပြင်မွမ်းမံခြင်းများ နှစ်စဉ်လိုအပ်လျှင် လိုအပ်သလို ပြုပြင်မွမ်းမံခဲ့ပါသည်။ စေတီတော်ကြီးနှင့်အတူ တည်ဆောက်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပါသည်။ ဤအာရုံခံတန်ဆောင်းတွင် ဂေါပကအဖွဲရုံး ထားရှိ၍ ရေးရာကိစ္စအဝဝ ကို ဆောင်ရွက်နေကြပါသည်။ ဂေါပကရုံးရှေ့မျက်နှာစာတွင် အင်္ဂတေကျောက်တိုင်နှစ်တိုင်ပေါ်တွင် အင်္ဂတေကျောက်ပြားပေါ်ထွင်းထုထားသည့် ဂေါပကအဖွဲ့ရုံး ဆိုင်းဘုတ်ရှိပါသည်။ ရှေ့တည့်တည့် မဟာရံတံတိုင်းအတွင်းတွင် ကမ္ဘာအေး ကုန်းမြေ မြေပုံ အညွှန်းကျောက်စာတိုင်ရှိပါသည်။ စေတီတော်ရင်ပြင် အင်္ဂါထောင့် အဝင်မုခ်ဦးတွင် ဓမ္မပဒ ကျမ်းလာ ဗုဒ္ဓဩဝါဒကျောက်စာတိုင်ရှိပါသည်။

ဆဋ္ဌသင်္ဂါယနာ သံဃာဆေးရုံ

သံဃာဆေးရုံသည် မဟာပါသာဏလိုဏ်ဂူကြီး၏ အနောက်ဘက်တွင် တည်ရှိသည်။ ပြည်တွင်းပြည်ပမှ ရောက်ရှိလာသောဆဋ္ဌသင်္ဂီတိကာရကဆရာတော်များ၏ ကျန်းမာရေးကိုပြုစု ဆောင်ရွက်ရန်အတွက် တည်ဆောက်ခြင်းဖြစ်သည်။ ထိုသံဃဆေးရုံကို ၁၉၅၃-ခုနှစ်တွင် စတင် တည်ဆောက်၍ ၁၉၅၄-ခုနှစ်၊ စက်တင်ဘာ(၂၆) ရက်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ သံဃာဆေးရုံ၏ အဆောက်အဦးပုံသဏ္ဌာန်မှာ မြန်မာအက္ခရာ ‘ပ’ပုံသဏ္ဌာန်ဖြစ်၍ တစ်ထပ်တိုက် အဆောက်အဦးဖြစ်သည်။ ထိုသံဃဆေးရုံကို ၁၉၅၅ခုနှစ်၊ဇန္နဝါရီလ(၁)ရက်နေ.မှစတင်၍ ဆရာဝန်(၃)ဦး၊ ဆေးစပ်ဆရာ(၂)ဦး၊ အမျိုသားသူနာပြု(၃)ဦးတို.ဖြင့် စတင်ဖွင့်လှစ်ခဲ့ပါသည်။ တာဝန်ခံဆရာဝန်မှာ ဒေါက်တာဦးမြင့်ဆွေဖြစ်သည်။ သံဃာဆေးရုံတွင် အနောက်တိုင်းဆေးပညာအပြင် မြန်မာတိုင်းရင်းဆေး ဆရာအဖွဲ.များကိုပါ ပေါင်းစည်း၍ ဆောင်ရွက်ပေးခဲ့သည်။ ယင်းတို.မှာ ကလျာဏဘိသက္ကအသင်း၊ ပရမတ္ထအလင်းပြ ဆေးပညာအသင်း အရှေ.တိုင်းဆေးပညာအဖွဲ.၊ တိုင်းရင်းမြန်မာဆေး သမားတော်အဖွဲ.၊ အဘိဓမ္မာ ဆေးပညာအဖွဲ.၊ ဗဟိုရ်မြန်မာသမားတော်အဖွဲ.ချုပ်၊ ဂိုဏ်း ပေါင်းစုံညီညွှတ်ရေး ဆေးပညာအဖွဲ.ချုပ်ကြီး၊ အောင်ဆန်းမြို.၊ စံပြ ဆေးကျန်းမာရေးဌာနခွဲတို.ဖြစ်သည်။ ထိုသံဃာဆေးရုံကို ၁၉၆၄ -ခုနှစ်၊ ဧပြီ(၃ဝ)ရက်တွင် ကုတင်(၅ဝ)ဆန်. သံဃာ့ဆေးရုံအဖြစ် သတ်မှတ်ခဲ့သည်။ ယခုအခါ ထိုသံဃာဆေးရုံ၏ အရှေ.မြောက်ဘက်ကိုက်(၅ဝ) အကွာတွင် သံဃဆေးရုံသစ်ကို တိုးချဲ့ဆောက်လုပ်ထားသည်။ ၁၉၉၁-ခုနှစ်၊ ဖေဖေါ်ဝါရီလ(၇)ရက်နေ.တွင် စတင်ဆောက်လုပ်၍ ၁၉၉၃ခုနှစ်၊ ဇန္နဝါရီလ(၃)ရက်နေ.တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။ ဆေးရုံသစ်မှာ အင်္ဂလိပ်အက္ခရာ “L” ပုံသဏ္ဌာန် နှစ်ထပ်တိုက်ဖြစ်သည်။ ဆေးရုံသစ်သည် ကုတင်(၂၅)လုံးဆန်.ဆေးရုံဖြစ်သည်။ ခွဲစိတ်ခန်း၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ ဆေးသိုလှောင်ခန်း၊ အထူးလူနာခန်းများကိုပါ စီစဉ် တည်ဆောက်ထားသည်။ ၁၉၉၃-ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၂)ရက်နေ. တွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးကြီး သန်.စင်က ဖွင့်လှစ်ပေးခဲ့သည်။

မဟာသိမ်တော်ကြီး

မဟာသိမ်တော်ကြီးသည် မဟာပါသာဏလိုဏ်ဂူတော်ကြီး၏ တောင်ဘက်တွင် တည်ရှိသည်။ ဆဋ္ဌသင်္ဂါယနာမဟာဓမ္မသဘင် ကျင်းပသောအခါ ထေရဝါဒ ငါးနိုင်ငံမှ ကြွရောက်တော်မူ လာကြမည့် ဆဒ္ဒသင်္ဂီတိကာရက ရဟန်းတော်များ သံဃာ့ဥပုသ် ပဝါရဏာစသော ကံကြီး ကံငယ်တို့ကို ဝိနည်းဒေသနာနှင့်အညီ အလွယ်တကူ ဆောင်ရွက်တော်မူကြစေရန်အတွက် ၁၉၅၃-ခုနှစ်တွင် မဟာသိမ်တော်ကြီး အဆောက်အဦးကို စတင်ဆောက်လုပ်ခဲ့သည်။ သိမ်တော်ကြီးဆောက်လုပ်မည့်နေရာကို ၁၉၅၃-ခုနှစ် ဒီဇင်ဘာလ (၆) ရက်နေ့မှစ၍ ရန်ကုန်မြို့ ခြောက်ထပ်ကြီးကျောင်းတိုက် အဂ္ဂမဟာပဏ္ဍိတဆရာတော် ဦးကောဏ္ဍညအမှုးရှိသော သံဃာတော်များ က ကမ္မဝါစာများ ရွတ်ဖတ်လျက် သိမ်နှုတ်တော်မူကြပါသည်။ ထိုသို့ သိမ်နှုတ်ရာတွင် သာသနာနှစ်(၂၅ဝဝ)ကို ရည်မှန်း၍ သံဃာတော် (၂၅ဝဝ)တို့ကပါဝင်၍ သိမ်နှုတ်တော်မူကြပါသည်။ ထိုသို့ (၇)ရက် ပတ်လုံးသိမ်နှုတ်ပြီးနောက် ၁၉၅၃ခုနှစ်၊ ဒီဇင်ဘာလ(၁၃)ရက် နေ့ နံနက်တွင် ရန်ကုန်မြို့၊ စာသင်တိုက်အသီးသီးမှ ဆရာတော်များ ကြွရောက်တော်မူကြရာတွင် အဂ္ဂမဟာပဏ္ဍိတ လေသာဆရာ တော်၊ မန္တလေးမစိုးရိမ်ဆရာတော်၊ ပခုက္ကူ မဟာဝိသုတာရာမဆရာတော်၊ ခြောက်ထပ်ကြီး ကျောင်းတိုက် ဆရာတော်၊ ကျားကူးဆရာတော်၊ ဗဟန်း မဟာအောင်မြေဘုံစံဆရာတော်၊ မဟာစည်ဆရာတော်စသော ဆရာတော်ကြီးများပါဝင်၍ ဆရာတော်ကြီး(၁ဝ၈)ပါးက သီမသမ္မသ နကမ္မဝါစာများ ရွတ်ဖတ်တော်မူ လျက် သိမ်သမုတ်တော်မူကြသည်။ မဟာသိမ်တော်ကြီးအဆောက်အဦကို ဟင်္သာတဦးမြက တာဝန်ယူ ကြီးကြပ်၍ တည်ဆောက်ခဲ့ရာ ၁၉၅၄ခုနှစ်၊ နိုဝင်ဘာလ(၁၃)ရက် နေ့တွင် ပြီးစီးခဲ့ပါသည်။ မဟာသိမ်တော်ကြီးသည် သီဟိုဠ်စေတီပုံသဏ္ဌာန်ကို အတုယူ၍ တည်ဆောက်ထားခြင်း ဖြစ်သည်။ မဟာသိမ်တော်ကြီး၏ အဝန်းအကျယ်မှာ ပေ(၃၁၅)ပေရှိသည်။ အချင်းပေ (၁ဝဝ)ကျော်ရှိ၍ အောက်ထပ်အမြင့်(၁ဝ)ပေ၊ အလယ်ထပ်အမြင့်(၂၅)ပေနှင့် အာလိန် ငါးဆင့်မှ အမြင့်ခေါင်ဆုံးအထိ ပေ(၁၁၅)ပေရှိသည်။ မဟာသိမ်တော်ကြီးသည် ပေ(၁၅၀)အမြင့်ရှိသည်။ မဟာသိမ်တော်ကြီးအတွင်း ဘုရားစင်၊ ရဟန္တာစင်နှင့် တိုင်လုံးကြီးခြောက်လုံးနှင့် အသီတိရှစ် ကျိပ်ရုပ်တုများရှိပါသည်။ မူလက ထိုသိမ်တော်ကြီးအတွင်းအပြင်တို့၌ အမွမ်းများ မရှိသေးပေ။ ထီးတော်မှအစ အမွှမ်းအပြောက်များ မပါရှိခဲ့ပေ၊ ငှက်ပျောဖူး အတွင်း ပိန္နဲတိုင်မစိုက်ဘဲ ထီးတော်တင်နိုင်ခဲ့သည်။ ဟမ္မိယခေါ် ဓာတ်တော်တိုက် လေးထောင့်နေရာတွင် ပန်းဆွဲနှင့် ဓမ္မစကြာ ခန်းထည့်ကာ သပိတ်မှောက်ကိုတန်ဆာဆင်ထားသည်။ ရင်ဖွဲ့တွင် စဉ့်ခါးပတ်ပန်းများဖြင့် ပတ်ထားသည်ကို တွေ့မြင်နိုင်သည်။ မဟာသိမ်တော်ကြီး၏ အဝင်ဘေးနှစ်ဘက်တွင် သဲကျောက်(ပန်းတမော့) လက်ရာကောင်းဖြင့် ဝိသုကမ္မနတ်မင်းနှင့် မော်ကွန်းကျောက်စာတိုင် ရှိပါသည်။ မဟာသိမ်တော်ကြီးကို နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့အောက်ရှိ ကမ္ဘာအေးကုန်းမြေနှင့် အဆောက်အဦးများ ထိန်းသိမ်းရေးအဖွဲ့က ပိုင်ဆိုင်ကြောင်း ၁၉၆၂ခုနှစ်၊ မေလ(၂၁)ရက်တွင် နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့အစီရင်ခံစာတွင် သတိုးသီရိသုဓမ္မ အဂ္ဂမဟာသရေ စည်သူ ဦးသိမ်းမောင်(ဥက္ကဋ္ဌ နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့)က ပြောကြား ခဲ့ပါသည်။ ဤမဟာသိမ်တော်ကြီးကို ၁၉၈၆-ခုနှစ်၊ ဇွန်(၂၆)ရက်တွင် မင်းကွန်း တိပိဋကဓရဆရာတော်ဘုရားကြီးအမှုးပြုသော တိပိဋက နိကာယသာသနာပြုအဖွဲ့မှ တာဝန်ယူပြုပြင်ကာ အမွမ်းတန်ဆာများ ဆင်ယင်၍ ပြုပြင်မွမ်းမံခဲ့ပါသည်။ မဟာသိမ်တော်ကြီးကို ၁၉၉၁-ခုနှစ်၊ မေ(၃၁)ရက်နေ့မှစ၍ သာသနာတော်ပြန့်ပွားရေးဦးစီး ဌာနက ယနေ့ထိ တာဝန်ယူ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါသည်။

ပိဋကတ်ပုံနှိပ်တိုက်

ဆဋ္ဌသင်္ဂါယနာတင်ကျမ်းစာအုပ်များကို ပုံနှိပ်ရန်အတွက် ပိဋကတ်တိုက် အဆောက်အဦးကို တည်ဆောက်ခဲ့သည်။ နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ.ကြီးက ဆဋ္ဌသင်္ဂါယနာတင်ရေးကို ရှေးရှု၍ ထေရဝါဒ ငါးနိုင်ငံအားလုံးတို.တွင် အသန်.ရှင်းဆုံး ပါဠိပိဋကတ်စာမူ တမူကို မပြတ်မလပ် ပုံနှိပ်ထုတ်ဝေဖြန်.ချိနိုင် စေရန် ရည်ရွယ်ချက်ဖြင့် ဤပိဋကတ်ပုံနှိပ်တိုက်ကို တည်ဆောက်ခြင်းဖြစ်သည်။ ပိဋကတ်ပုံနှိပ်တိုက် အဆောက်အဦးမှာ နှစ်ထပ်တိုက် အဆောက်အဦးဖြစ်သည်။ ၁၉၅၃-ခုနှစ်၊ အောက်တိုဘာလ (၂၅)ရက်တွင် ဆဋ္ဌသင်္ဂါယနာတင်ပွဲအမီ ပိဋကတ်တော်များကို အကြိမ်ကြိမ် ပြင်ဆင် တည်းဖြတ်ပြီးနောက် နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ. အဆောက်အဦး သစ်ကြီး၌ ဝိနည်းငါးကျမ်းပါဠိတော်တို.ကို စတင်ပုံနှိပ်ခဲ့ပါသည်။ ထိုသို. ပုံနှိပ်ရာတွင် Committee For Free Asia မှ လှုဒါန်းပေးပို့ထားသော ပုံနှိပ်စက်နှင့် ပစ္စည်းသေတ္တာများကို ကမ္ဘာအေးစေတီအနီးရှိ ဂိုဒေါင်မှ ပုံနှိပ်တိုက်အဆောက်အဦးသစ်သို. ၁၉၅၃-ခုနှစ်၊ သြဂုတ်လ(၅)ရက်မှ စ၍ ပြောင်းရွှေ.ခဲ့သည်။ ထိုနောက် အမေရိကန်ပြည်ထောင်စုမှ စာပုံနှိပ်တိုက်ဆိုင်ရာပါရဂူ မစ္စတာ စတင်တန်၏အကူအညီဖြင့် ၁၉၅၃. ခုနှစ်၊ သြဂုတ်လ(၇)ရက်နေ.တွင် ပုံနှိပ်စက်နှင့် စာအုပ်ချုပ်စက်များကို နေရာတကျတပ်ဆင်ခဲ့ပါသည်။ အောက်ဖော်ပြပါစက်ပစ္စည်းများဖြင့် ပုံနှိပ်တိုက်ကို စတင်ဖွင့်လှစ်ခဲ့သည်။ ယင်းတို.မှာ ကွက်ကရောင်းမီလီစက် တစ်လုံး၊ လီချယ်လင် ဒဗယ်ဒီမိုင်းစက်တစ်လုံး၊ စာရွက်ခေါက်စက် တစ်လုံး၊ ကြိုးချုပ် စက်တစ်လုံး၊ သံကြိုးချုပ်စက်တစ်လုံး၊ စက္ကူဖြတ် စက်တစ်လုံး၊ စာအုပ်ဖုံးလုပ်စက်တစ်လုံး၊ စက္ကူဖြတ်စက်တစ်လုံး တံဆိပ်ရိုက်စက်တစ်လုံး၊ ခဲစာလုံးသွန်းစက်တစ်လုံးတို.ဖြင့် စတင်ဖွင့်လှစ် ခဲ့သည်။ ထိုပြင် Asia Foundation မှ ထပ်မံလှုဒါန်းသည့် လစ်သိုအော့ဆက်ခေါ် ပုံနှိပ်စက် စက်ကြီးများဖြင့် ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျမ်းစာများ၊ အင်္ဂလိပ်ဘာသာရေးဗုဒ္ဓဘာသာကျမ်းစာအုပ်များ၊ စာစောင်များ စာရွက်စာတမ်းများကို ကျနသေသပ်စွာ လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။

သာသနာရေးဝန်ကြီးဌာန ရုံးဟောင်း

နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့၊ အုပ်ချုပ်ရေးအရာရှိချုပ်ရုံး အဆောက်အအုံ (ယခုသာသနာရေးဝန်ကြီးဌာနရုံးဟောင်းအဆောက်အအုံ)သည် မဟာပါသာဏလိုဏ်ဂူတော်ကြီး၏ အရှေ့မြောက်ဘက်တွင် တည်ရှိသည်။ အဆောက်အဦ၏ ပုံသဏ္ဌာန်မှာ အင်္ဂလိပ်အက္ခရာ(E) ပုံသဏ္ဌာန်ဖြစ်၍ နှစ်ထပ်အဆောက်အဦဖြစ်သည်။ အလျားပေ (၃၈၄)ပေ၊ အနံပေ(၄၈)ပေ ကျယ်ဝန်း၍၊ အလျားပေ(၇၈)ပေ၊ အနံပေ(၄၈)ရှိ အဆောင်(၃)ဆောင် ထုတ်လျက် ဆောက်လုပ်ထားပါသည်။ နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့ အုပ်ချုပ်ရေးအရာရှိချုပ်ရုံးဟောင်း အဆောက်အဦတွင် သံဃဝိနိစ္ဆယသာသနာ အုပ်ချုပ်ရေးရုံးကိုလည်း ထားရှိခဲ့ပါသည်။ ယင်းအဖွဲ့တွင် ဥက္ကဋ္ဌ ဆာဦးသွင်၊ ဒုဥက္ကဋ္ဌ တရားဝန်ကြီးချုပ် ဦးသိမ်းမောင်၊ အတွင်းရေးမှူး ဦးချန်ထွန်း၊ အုပ်ချုပ်ရေးအရာရှိချုပ် ဦးစိန်မောင်တို့ ရုံးထိုင်ခဲ့ကြသည်။ ၄င်းအဖွဲ့အပြင် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဦးလင်း တာဝန်ခံ ဆောင်ရွက်ခဲ့သော ပိဋကတ်မြန်မာပြန်အဖွဲ့၊ ပါဠိမြန်မာအဘိဓာန်အဖွဲ့၊ မဟာဗုဒ္ဓဝင်ဌာနအဖွဲ့တို့ကိုလည်း ထားရှိခဲ့ပါသည်။