ကျောင်းဆောင် (၄)ဆောင်

အာဂန္တုကျောင်းဆောင် (၄) ဆောင်

           အာဂန္တုကျောင်းဆောင်လေးဆောင်သည် ရန်ကုန်မြို.၊ မရမ်းကုန်းမြို.နယ်၊ သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေရှိ မဟာပါသာဏ လိုဏ်ဂူတော်ကြီး၏ အနောက်ဘက်တွင်တည်ရှိသည်။ ဆဋ္ဌသင်္ဂီတိကာရက သံဃာတော်များ သီတင်းသုံးရန်အတွက် အာဂန္တုကျောင်းဆောင် လေး ဆောင်ကို ဆောက်လုပ်ရခြင်းဖြစ်သည်။ အာဂန္တုကျောင်းဆောင် လေးဆောင်ကို ၁၉၅၃-ခုနှစ်၊ ဖေဖေါ်ဝါရီလ(၄)ရက်မှစတင်၍ ဆောက်လုပ်ခဲ့သည်။ ၁၉၅၄-ခုနှစ်၊ မေလ(၃ဝ)ရက်တွင် ဆောက်လုပ် ပြီးစီးခဲ့သည်။ ဤကျောင်းဆောင်လေးဆောင်တို.ကို သင်္ဂါယနာတင်ရာ ကာလသံဃာ (၂၅ဝဝ)တို. (၂)နှစ်ကြာ နေထိုင် သီးတင်းသုံးတော်မူကြ ပြီးလျှင် နောင်အခါ၌ သံဃာတို.အား ပိဋကတ်တော်ပို.ချရန် တိပိဋက တက္ကသိုလ်ကြီးများအဖြစ် ရည်မှန်းကာ တည်ဆောက်ခြင်းလည်း ဖြစ် သည်။ ၄င်းကျောင်းဆောင်လေးဆောင်ကို ဇမ္ဗုဒီပ၊ ပုဗ္ဗဝိဒေဟ (ပြုဗ္ဗာဝိဒေဟ)၊ အပရဂေါယာန၊ ဥတ္တရကုရုဟူ၍ ကျွန်းကြီးလေးကျွန်း တို.၏ အမည်များဖြင့်မှည့်ထားပါသည်။

   ထိုကျောင်းဆောင်လေးဆောင်တို.၏ရှေ.တွင် ကျွန်းကြီးသစ်ပင် လေးပင်စိုက်ပျိုးထားသည်။ ပုဗ္ဗဝိဒေဟကျောင်း ဆောင်၌ ကုက္ကိုပင်၊ ဥတ္တရကုရုကျောင်းဆောင်၌ ပဒေသာပင်၊ ဇမ္ဗူဒီပကျောင်းဆောင်၌ သပြုသပြေပင်၊ အပရဂေါယာနကျောင်းဆောင်၌ ထိန်ပင် တို.ကို အသီးသီး စိုက်ပျိုးထားသည်ကို တွေ.မြင်နိုင်သည်။

ဇမ္ဗုဒီပ ကျောင်းဆောင်

ဇမ္ဗုဒီပကျောင်းဆောင်မှာ အလျားပေ(၁၈၀) အနံ(၄၈)ပေမျှ ရှိသည်။ ထိုကျောင်းဆောင်ကြီး၌ အထပ်ပေါင်း(၃)ထပ်ရှိ၍ အပေါ်ထပ်၌ ခန်းမကြီး (၂)ခန်းနှင့် ဒေါင့်ခန်းငယ်(၂)ခန်းရှိ၍ အလည်ထပ်၌ အခန်းပေါင်း(၅ဝ)၊ အောက်ထပ်၌ခန်းမကြီး(၆)ခန်းနှင့် ဒေါင့်ခန်းငယ် (၂)ခန်း ရှိသည်။

ပုဗ္ဗဝိဒေဟ ကျောင်းဆောင်

ပုဗ္ဗဝိဒေဟ ကျောင်းဆောင်မှာ အလျား(၈၀)ပေ၊ အနံ(၄၈)ပေရှိသည်။ ထိုကျောင်းဆောင်မှာ အထပ်ပေါင်း (၃)ထပ်ပါရှိပြီးလျှင် အပေါ်ဆုံးထပ်နှင့် အလည်ထပ်တို.တွင် အခန်းပေါင်း(၅ဝ)၊ အောက်ဆုံး ထပ်၌ ခန်းမကြီး(၆)ခန်းနှင့် ခန်းမငယ်(၂)ခန်း ရှိကြပါသည်။

ဥတ္တရကုရု ကျောင်းဆောင်

ဥတ္တရကုရု ကျောင်းဆောင်မှာ အလျား(၈၀)ပေ၊ အနံ(၄၈)ပေရှိသည်။ ထိုကျောင်းဆောင်မှာ အထပ်ပေါင်း (၃)ထပ်ပါရှိပြီးလျှင် အပေါ်ဆုံးထပ်နှင့် အလည်ထပ်တို.တွင် အခန်းပေါင်း(၅ဝ)၊ အောက်ဆုံး ထပ်၌ ခန်းမကြီး (၆)ခန်းနှင့် ခန်းမငယ်(၂)ခန်း ရှိကြပါသည်။

အပရဂေါယာန ကျောင်းဆောင်

အပရဂေါယာနကျောင်းဆောင်မှာ အလျားပေ(၁၈၀) အနံ(၄၈)ပေမျှ ရှိသည်။ ထိုကျောင်းဆောင် ကြီး၌ အထပ်ပေါင်း(၃)ထပ်ရှိ၍ အပေါ်ထပ်၌ ခန်းမကြီး(၂)ခန်းနှင့် ဒေါင့်ခန်းငယ်(၂)ခန်းရှိ၍ အလည်ထပ်၌ အခန်းပေါင်း(၅ဝ)၊ အောက်ထပ်၌ခန်းမကြီး(၆)ခန်းနှင့် ဒေါင့်ခန်းငယ် (၂)ခန်း ရှိသည်။