လိုဏ်ဂူတော်ကြီး

ဆဋ္ဌသင်္ဂါယနာတင်လိုဏ်ဂူတော်ကြီး

      ဆဋ္ဌသင်္ဂါယနာတင်လိုဏ်ဂူတော် တည်ဆောက်ရေးအတွက် ပထမအကြိမ်အစည်းအဝေးကို ၁၉၅၃-ခုနှစ်၊ ဇန္နဝါရီ(၁၀)ရက်နေ့ တွင် ကမ္ဘာအေးစေတီတော်ဓမ္မာရုံတွင် ကျင်းပခဲ့သည်။ ထိုအစည်းအဝေးတွင် ဝန်ကြီးချုပ်၏ဆန္ဒအရ ဦးလှကျော်သည် ကျောက်လိုဏ်ဂူတော်ဖြစ် မြောက်ရေးအတွက် ရွှံပုံစံတစ်ခု ပြုလုပ်တင်ပြစေခဲ့သည်။ ထို့နောက် ၁၉၅၂-ခုနှစ်၊ ဒီဇင်ဘာလ (၂၃)ရက်နေ.တွင် ဦးလှကျော် တင်ပြသော လိုဏ်ဂူနမူနာပုံစံကို ကြည့်ရှုသဘောတူကြပြီးနောက် လိုဏ်ဂူတော်ကြီး တည်ဆောက်ရေးလုပ်ငန်းများကို ချက်ခြင်း စတင်ဆောင်ရွက်နိုင်ရန် ဦးလှကျော်အား တာဝန်ပေးအပ်ခဲ့သည်။
             လိုဏ်ဂူတော်ကြီးတည်ဆောက်ရာတွင် အဖွဲ.ခွဲနှစ်ဖွဲ.ကိုဖွဲ.စည်း၍ လုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့သည်။ ယင်းအဖွဲ.ခွဲနှစ်ဖွဲ.မှာ (၁)ဘဏ္ဍာရေးအဖွဲ.နှင့် (၂)ပစ္စည်းရှာဖွေရေးနှင့် လုပ်ငန်းဆောင်ရွက်ရေး အဖွဲ.တို. ဖြစ်သည်။ ထိုအဖွဲ.ခွဲနှစ်ခု၏ တာဝန်ဝတ္တရားများမှာ လိုဏ်တော်ကြီး အတွက် လိုအပ်သောပစ္စည်းများနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် ထိန်း သိမ်းရေးကို ပစ္စည်းရှာဖွေရေးနှင့် လုပ်ငန်းဆောင်ရွက်ရေး အဖွဲ.ခွဲက တာဝန်ယူ၍ ဆောင်ရွက်ရပါသည်။ လိုဏ်ဂူတော်ကြီး၏ ဘဏ္ဍာရေး ထိန်းသိမ်းမှုတို.ကိုမူ အထက်ပါ ဘဏ္ဍာရေးအဖွဲ.ခွဲက တာဝန်ယူဆောင်ရွက်ပါသည်။ လိုဏ်ဂူတော်ကြီး တည်ဆောက်မည့် နေရာသည် မူလကရော်ဘာခြံကြီးဖြစ်သည့်အတွက် ရှေးဦးစွာ ကုန်းမြေကို ရှင်းလင်း သုတ်သင်ရပါသည်။ ထိုကုန်းမြေကြီးကို ရှင်းလင်းသုတ်သင်ပြီး ပန္နက်တင် မင်္ဂလာမကျင်းပမီ ရန်ကုန်မြို. ဘုရားကြီးတိုက် ဆရာတော်အရှင်ကောဏ္ဍည အမှုးပြု၍ သံဃာတော်အပါး(၅၀၀)တို.သည် (၃)ရက်တိုင်တိုင် ညနေတိုင်း(၅)နာရီအချိန်မှ အစပြု၍ ပရိတ်တော်မြတ်များ ရွတ်ဖတ်ခြင်း၊ သိမ်နှုတ်ခြင်း စသည့် ကိစ္စများကို ဆောင်ရွက်ခဲ့ကြသည်။ ထို့အပြင် သီရိမင်္ဂလာ ပရိတ်တော်အဖွဲ.မှ မဟာသီရိသုဓမ္မဦးမြနှင့် သာသနာညွှန်ကြားရေးဝန် ဦးကြီးဖေတို.ကလည်း ပရိတ်တော်(၃၁) သုတ်ကို ရွတ်ဖတ်သရဇ္ဈယ် ကြပါသည်။
           လိုဏ်ဂူတော်ကြီးကို ၁၉၅၃-ခုနှစ်၊ ဇန္နဝါရီလ(၁၅)ရက်နေ. နံက်(၈)နာရီတွင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်တကွ နိုင်ငံတော်ဗုဒ္ဓ သာသနာအဖွဲ.ဝင်တို.က အရပ်ရှစ်မျက်နှာ၌ တပြိုင်နက် ပန္နက်ရိုက် ခဲ့သည်။ လိုဏ်ဂူတော်ကြီးကို ဦးဆောင်တည်ဆောက်သူမှာ မီးသတ် ညွှန်ရေးဝန် ဦးလှကျော်ဖြစ်သည်။ စတင်တည်ဆောက်သည့် ၁၉၅၃ ခုနှစ်၊ ဖေဖေါ်ဝါရီ(၄)ရက်နေ.မှစ၍ ၁၉၅၄-ခုနှစ်၊ မေလ(၁ဝ) ရက်နေ. အထိ နေ.စဉ်ပျမ်းမျှ အရာရှိ၊ အရာခံ၊ အရာထမ်း၊ အမှုထမ်း၊ အလုပ်သမားပေါင်း(၈၄၈၆)ယောက် ပါဝင်လုပ်လုပ်ဆောင်ခဲ့ကြသည်။ လိုဏ်ဂူတော်ကြီးတည် ဆောက်ရာ ကုန်ကျစရိတ် စုစုပေါင်းမှာ (၉၁)သိန်းကျော် ဖြစ်သည်။

ဆဋ္ဌသင်္ဂါယနာတင်လိုဏ်ဂူတော်ကြီး၏ ပုံသဏ္ဍာန်နှင့်အနေအထား

          လိုဏ်ဂူတော်ကြီး တည်ဆောက်ရာတွင် သံပါကွန်ကရစ်များဖြင့်သာ အမာခံတည်ဆောက်ထားသည်။ လိုဏ်ဂူတော်ကြီးကို ပဌမသင်္ဂါယနာတင်ရာ ရာဇဂြိုဟ်ပြည် စရည်းပင်ရောက်ရာ လိုဏ်ဂူတော်ကြီးကို ပုံစံထား၍ ဆောက်လုပ်ခဲ့သည့်အတိုင်း အပြင်ဘက်မှ ကြည့်လျှင် ကျောက်တောင်ကြီးကဲ့သို. မှတ်ထင်ရသည်။ အတွင်းသို. ဝင်ကြည့်ပါက ကျောက်တောင်ကြီးမှာ သီးသန်.ပန္နက်ပေါ်တွင် တည်နေသည်ကို တွေ.မြင်နိုင်သည်။
          လိုဏ်ဂူတော်ကြီး၏ အပြင်ဘက်ဝန်းကျင်မှာ အလျား(၄၅၅)ပေ၊ အနံပေ(၃၇ဝ)ရှိသည်။ အတွင်းဘက်မှာမူ အလျားပေ (၂၂ဝ)ပေ၊ အနံပေ (၁၄ဝ)ပေမျှရှိသည်။ ခြောက်ကြိမ်မြောက် သင်္ဂါယနာတင်သည့် အထိမ်း အမှတ်အဖြစ်ဖြင့် ဝင်ပေါက်ကြီး (တံခါးပေါက်) ခြောက်ပေါက်နှင့် တိုင်ကြီးခြောက်တိုင်ရှိသည်။ တိုင်တစ်တိုင်စီလျှင် (၅၅)ပေမြင့်ရှိသည်။ ရတနာသုံးပါးကို ရည်စူးလျက် လိုဏ်ဂူတော်ကြီး၏ အတွင်းနံရံအား ဖောက်ထွင်းထားသည့် အပေါက်သုံးဆင့်မျှရှိသည်။ တဖန် အပေါက် ရှိရာ နံရံတထပ်တထပ်လျှင် ပဋ္ဌာန်း(၂၄)ပစ္စည်းတို.ကိုရည်စူး လျက် အခန်းပေါင်း(၂၄) ခန်းရှိသည်။ ကမ္မဋ္ဌာန်းကျောက်ဂူ (၂၅)ခန်း၊ သံပြုတင်း ပေါက်(၆၂)ပေါက်၊ ပန်ကာပေါက်(၂၄)ပေါက်၊ တံခါးပေါက်ကြီး နှစ်ဆင့်(၄၈)ပေါက်တို.ဖြင့် တည်ဆောက် ထားသည်။ ထို့အပြင်မျက်နှာကြက်နှင့် အပေါ်ဆုံးလေစုပ်ပေါက်များ၌ ဓမ္မစကြာတံဆိပ်တော်ဖြင့် ဝန်းရံအုပ်ခြုံ၍ ထားသည်။
          လိုဏ်ဂူတော်ကြီးကိုပတ်၍ သွားရန်(၈)ပေ အကျယ်ရှိသော အတွင်း လိုဏ်ဂူလမ်း(၂)ထပ်ရှိ၍ လိုဏ်ဂူအပေါ် လိုဏ်ဂူတော်ပတ်သည့် လမ်းနှစ်ထပ်ရှိသည်။ လိုဏ်ဂူတော်ကြီး၏ မြောက်ဘက် အတွင်းတွင် အထပ်(၄)ထပ်ရှိ၍၊ ထိုအထပ်(၄)ထပ်အပေါ်ဆုံး ဘုရားရင်ပြင်တော်နှင့် အများပူဇော်နိုင်ရန် ဆင်းတုတော် (ရုပ်ပွားတော်) တစ်ဆူရှိပါ သည်။ လိုဏ်ဂူတော်ပေါ်သို.တက်နိုင်ရန် အပြင်ကျောက်လမ်း အရှေနှင့်အနောက်မှ ကျောက်လမ်းနှစ်ခု ဖန်တီးထားပါသည်။ ထို့အပြင်အတွင်း လမ်းပေါ် တောင်ဘက်မှ လှေကားနှစ်ဆင့်၊ မြောက်ဘက်မှ လှေကားတစ်ဆင့် အပြင် ဓာတ်လှေကားတစ်ခုကလည်း တပ်ဆင်ထားပါသည်။ လိုဏ်တော်ကြီး၏ မျက်နှာကြက်နှင့် နံရံများတွင်လည်း အသံထိန်းသည့် အရာဝတ္ထုပစ္စည်းများဖြင့် တည်ဆောက်ထားပါသည်။
          ထိုလိုဏ်ဂူတော်ကြီး အတွင်းနံရံပတ်လည်တွင် အံ့ဖွယ်ရှစ်ဖြာ ဗုဒ္ဓသာသနာစာတမ်း ပိုစတာ(၈)ချပ်ကပ်ထားသည်။ ယင်းတို.မှာ-၁။ ဝေလာတိက္ကမသာသနာ ၂။ အနုပုဗ္ဗသိက္ခာသာသနာ ၃။ မဟန္တာ ဝါသသာသနာ ၄။ ဧကနာမသာသနာ ၅။ အနုပုရသာသနာ ၆။ ဧကရသသာသနာ ၇။ ရတနာကရ သာသနာ ၈။ ဒုဿီလ သက္ခိပန သာသနာ တို.ဖြစ်သည်။ ၄င်းအပြင် သာမဏပဋိရူပခြောက်ပါးပိုစတာ (၆)ချပ်တို.ကို ချိတ်ဆွဲထားသည်။ ယင်းတို.မှာ ၁။ပဌမသမဏပဋိရူပ ၂။ဒုတိယသမဏပဋိရူပ ၃။တတိယသမဏပဋိရူပ ၄။စတုတ္ထ သမဏ ပဋိရူပ ၅။ပဉ္စမသမဏပဋိရူပ ၆။ဆဋ္ဌသမဏပဋိရူပ ၇။အလဇ္ဇီပုဂ္ဂိုလ် လက္ခဏာတို.ဖြစ်သည်။ ရဟန်းပြုရခြင်း ရည်ရွယ်ချက်၊ ဘယ်အခါမဆို ရဟန္တာဖြစ်နိုင်သည်၊ သာသနာတော်၏အသက်၊ အနာဂတေလဇ္ဇီရက္ခတိ၊ အမြဲဆရာရှိသည်၊ ပစ္ဆိမဗုဒ္ဓဝစနစသော စာတမ်းများကိုလည်း ချိတ်ဆွဲ ထားသည်။ လိုဏ်ဂူတော်အတွင်းတွင် အသီတိရှစ်ကျိပ်ရဟန္တာပုံတော် (ယခုရုပ်တုတော်)များကိုလည်း တွေ.နိုင်ပါသည်။ လိုဏ်ဂူတော်အပြင် ပတ်လည်၌ ဗောဓိပင်(၂၈)ပင်တို.ကိုလည်း စိုက်ပျိုးထားပါသည်။ လိုဏ် ဂူတော်၏အပြင် ပတ်လည်တွင် ထိုးစည်(၁ဝ၈)လုံးနှင့် အမြင့်(၇)ပေ ရှိသော ခေါင်းလောင်းတော်ကြီး(၆)လုံးရှိပါသည်။ လိုဏ်ဂူတော်ကြီးကို ၁၉၅၄-ခုနှစ်၊ မေလ (၁ဝ)ရက်နေ.တွင် ပြီးစီး၍ နိုင်ငံတော် ဗုဒ္ဓသာသနာ အဖွဲ.၏ ဥက္ကဋ္ဌဖြစ်သော ဆာဦးသွင်ထံသို. အပ်နှံခဲ့ပါသည်။ လိုဏ်ဂူတော်ကြီးကို ဆဋ္ဌသင်္ဂီတိမဟာပါသာဏဂုဟာ ဟု အမည်ပေးခဲ့သည်။

ဆဋ္ဌသင်္ဂါယနာတင်လိုဏ်ဂူတော်ကြီးရှိ အံ့ဖွယ်ရှစ်ဖြာသာသနာ