တော်သလင်းလ (ဩဂုတ်/ စက်တင်ဘာ)

အသေးစိတ် အချက်အလက်များ

  မြန်မာတို့၏ ဆယ့်နှစ်လရာသီတွင် (၆)လမြောက်သော ဩဂုတ်လ မှ စက်တင်ဘာလသည် တော်သလင်းလ ဖြစ် သည်။ ထိုကာလတွင် ကမ္ဘာမြေကြီးသည် နေနှင့်အနီးဆုံးဖြစ်သော အချိန်ဖြစ်ပြီး နေရောင်ခြည်သည် အီကွေတာ ပေါ်သို့ ကျရောက်သည့် (မြောက် လတ္တီကျု ၁၀ ဒီဂရီ နှင့် ၂၈.၃၂ ဒီဂရီ ကြား) အချိန်ဖြစ်သည်။ ထိုကြောင့် မိုးသား တိမ်လိပ်များသည် ရံဖန်ရန်ခါကင်းစင်သွားတတ်လေ့ရှိသည်။ တစ်ခါတစ်ရံတွင် နေသာသောနေ့များဆက်တိုက် ဖြစ်ပေါ်တတ်သောကြောင့် “တော်သလင်းနေ ပုစွန် သေ” ဟူသော ဆိုရိုးစကားလည်းရှိသည်။ နေသာပြီး လေငြိမ်သောအချိန်ဖြစ်သောကြောင့် မြစ်ရေပြင်သည် အခြားသောအချိန်များနှင့်မတူဘဲ လှိုင်းလေငြိမ်သက်သော ကာလဖြစ်သည်။ ထို့ကြောင့် ရှေးမြန်မာဘုရင်များ လက်ထက်တွင် လှိုင်းလှေငြိမ်သက်ကာ ရာသီဥတုသာယာ သောကြောင့် လှေသဘင်ပွဲကို ကျင်းပလေ့ရှိကြသည်။ လှေသဘင်ပွဲ ကျင်းပနေချိန်တွင် ဘုရင်သည် “ပြည်ကြီးမွန်လှေတော်”ဟု အမည်တွင်သော တော်ဝင်လှေတော်ပေါ် မှတစ်ဆင့် အခြွေအရံများဖြင့် ရှုစားလေ့ ရှိခဲ့သည်။ လှေပြိုင်ပွဲကို ပျော်ပွဲရွှင်ပွဲအတွက်သာ ကျင်းပခြင်းမဟုတ်ဘဲ ဘုရင့်ရေတပ်မတော်၏ အရည်အချင်း များကို တိုးတက်စေရန်လည်း ရည်ရွယ်သည်။