နယုန်လ (မေ/ ဇွန်)

အသေးစိတ် အချက်အလက်များ

နယုန်လသည် မြန်မာလများတွင် တတိယလဖြစ်ပြီး မေလနှင့်ဇွန်လတို့တွင် ကျရောက်လေ့ရှိပါသည်။ ဒုတိယအင်းဝမင်းဆက် သာလွန်မင်းတရားကြီး ထီးနန်းစိုးစံစဉ်မှစပြီး သာသနာတော်ပြန့်ပွားရေး အထူးသဖြင့် ပရိယတ္တိသာသနာတော်ပြန့်ပွားရေး ရည်ရွယ်ချက်ဖြင့် စာပြန်ပွဲကို နယုန်လ၏ ရာသီပွဲတော်အဖြစ် ကျင်းပခဲ့ကြ ခြင်းဖြစ်ပါသည်။ ယနေ့ခေတ်တွင်လည်း နိုင်ငံတော်အစိုးရသည် ပါဠိပထမပြန်စာမေးပွဲများ၊ ဓမ္မာစရိယ စာမေးပွဲ များ၊ အဘိဓမ္မာစာမေးပွဲများ၊ ဝိသုဒ္ဓိမဂ္ဂစာမေးပွဲများ၊ တိပိဋကစာမေးပွဲများ အစရှိသည်တို့ကို ကျင်းပပေးလျက် ရှိပါသည်။ နှစ်စဉ် ထေရဝါဒ ဗုဒ္ဓသာသနာတော်တိုးတက်ပြန့်ပွားရေး အတွက် ဆောင်ရွက်နေကြသည့် ဆရာတော် ကြီးများနှင့် သီလရှင်ဆရာလေးများအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များကို ဆက်ကပ်လျှက်ရှိပါသည်။ ထို့အပြင် ဗုဒ္ဓဘုရားရှင်မှ စကြာဝဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာများအား မဟာသမယသုတ်ကို စတင် ဟောကြားသည့်နေ့ ဖြစ်သောကြောင့် နယုန်လပြည့်နေ့ကို မဟာသမယနေ့ ဟု အထိမ်းအမှတ်ပြုထားပါသည်။