ကဆုန်လ (ဧပြီ/ မေ)

အသေးစိတ် အချက်အလက်များ

ကဆုန်လသည် မြန်မာလများတွင် ဒုတိယမြောက်လဖြစ်ပြီး ဧပြီလနှင့် မေလတွင် ကျရောက်လေ့ရှိပါသည်။ ဗုဒ္ဓဘာသာဝင်များ အလေးအမြတ်ထားသော လတစ်လလည်း ဖြစ်ပါသည်။ မြတ်စွာဘုရား ဖွားမြင်တော်မူခြင်း၊ သဗ္ဗညုတဉာဏ်တော်ရ၍ ဘုရားဖြစ်တော်မူခြင်း နှင့် ပရိနိဗ္ဗာန်စံတော်မူခြင်းစသည့် ထင်ရှားသော အဓိက ရည်ရွယ်ချက်(၃)မျိုးဖြင့် ကဆုန်လပြည့်နေ့ကို အထင်ကရ ဆင်နွှဲလေ့ရှိကြပါသည်။ ဗုဒ္ဓဘာသာဝင်များအတွက် အလွန်ထူးမြတ်သော နေ့ဖြစ်သဖြင့် “ဗုဒ္ဓနေ့” ဟူ၍လည်းခေါ်ဆိုကြသည်။ နွေဥတု၏ နောက်ဆုံးလဖြစ်သဖြင့် အပူရှိန် ပိုမိုလွန်ကဲသော လတစ်လလည်း ဖြစ်သည်။ အဆိုပါနေ့တွင် ဗောဓိညောင်ရေသွန်းလောင်း၍ ညောင်ရေသွန်းပွဲတော်ကို ဆင်နွှဲလေ့ရှိကြသည်။ ဗောဓိညောင်ပင်တွင် သဗ္ဗညုတဉာဏ်တော်ရရှိတော်မူခဲ့သော ဗုဒ္ဓမြတ်စွာဘုရားကို ရည်မှန်း အာရုံပြု၍ ပရိဘောဂစေတီထိုက်သော ဗောဓိညောင်ပင်ကို သန့်ရှင်းသော ရေစင်ဖြင့် သွန်းလောင်းကြခြင်းဖြစ်သည်။