ဆဋ္ဌသံဂါယနာ မော်ကွန်းပြတိုက်

မှတ်တမ်းဓာတ်ပုံများ


ဆဋ္ဌသံဂါယနာမော်ကွန်းပြတိုက်တော်
သိဒ္ဓမ်၊ ဇယတု၊ သာသနာတော်နှစ် ၂၅၀၀ ပြည့်နှစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတော် အတွင်း၌ မြန်မာနိုင်ငံတော်သူ နိုင်ငံတော်သားတို့၏ ပစ္စယာနုဂ္ဂဟဖြင့် ထေရဝါဒငါးနိုင်ငံမှ သံဃာဥသျှောင် ဆရာတော် သံဃာတော်ကြီးများ ဦးဆောင်၍ သံဃာတော် ၂၅၀၀တို့ ၂-နှစ်တိုင်တိုင် သံပြိုင်ညီညာ သံဂါယနာတင်တော်မူခဲ့သည်။ သာသနာသမိုင်းဝင် ဆဋ္ဌသံဂါယနာတင်ပွဲတော်ကြီးနှင့် စပ်လျဥ်းသည့် သမိုင်းဝင် အထိမ်းအမှတ် ပစ္စည်းများကို စုစည်း ခင်းကျင်းပူဇော် ပြသနိုင်ရန်အလို့ငါ သာသနာတော်နှစ်-၂၅၄၁ မြန်မာနှစ် ၁၃၅၉-ခုနှစ် ပြာသိုလဆန်း(၁၃)ရက်၊ (၁၀. ၁. ၉၈) စနေနေ့ နံနက် ၇-နာရီ ၄၁ မိနစ် မင်္ဂလာအခါတော်တွင် ဥရူတိုင်အခြေ၌ ရတနာအုတ်မြစ်တော်စီကာ စတင် တည်ဆောက်ခဲ့ပြီး သာသနာတော်နှစ် ၂၅၄၄၊ မြန်မာနှစ် ၁၃၆၂-ခုနှစ်၊ သီတင်းကျွတ်လပြည့် (၁၂. ၁၀. ၂၀၀၀) ကြာသပတေးနေ့ နံနက်(၉)နာရီမင်္ဂလာအခါတော်တွင် ဆဋ္ဌသံဂါယနာ မော်ကွန်းပြတိုက်တော်ကြီးကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ အတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့် ကိုယ်တိုင် တက်ရောက်၍ဖွင့်လှစ်ပေးပါသည်။