ပြာသိုလ (ဒီဇင်ဘာ/ ဇန်နဝါရီ)

အသေးစိတ် အချက်အလက်များ

မြန်မာလများတွင် (၁၀)လမြောက်ဖြစ်သော ပြာသိုလသည် ဒီဇင်ဘာလ မှ ဇန်နဝါရီလအတွင်းဖြစ်ကာ အလွန်အေးသော အချိန်အခါလည်းဖြစ်ပါသည်။ ပြာသိုလသည် ရှေးယခင်က တော်ဝင်မြန်မာ့တပ်မတော် ၏ စစ်တပ်အင်အားကို ပြသသော ကာလလည်းဖြစ်သည်။ ယနေ့ခေတ်အခါတွင်မူ ပြာသိုလတွင် ဘုရားပွဲများ ကျင်းပလေ့ရှိကြသည်။ ရှေးယခင်က မြန်မာဘုရင်များသည် မြင်းခင်းသဘင်ပွဲကို လတစ်လ လုံး ကျင်းပစေသည်။ မြင်းခင်သဘင်ပွဲတွင် မြင်းစီးပွဲ၊ ဓားပြိုင်ပွဲ၊ လှံပြိုင်ပွဲ၊ လေးတင်ပွဲနှင့် ဆင်ဖြင့် စီးခြင်းထိုးခြင်း အစရှိသည့် စစ်စွမ်းရည်ပြသသောပွဲများကို ထည့်သွင်းကျင်းပသောကြောင့် ရှေးခေတ် မြန်မာ့တပ်မတော်ရေးရာနှင့် သို့မဟုတ် စစ်လက်နက်များကို ခင်းကျင်းပြသသော ပွဲလည်းဖြစ်သည်။ အဆိုပါပြိုင်ပွဲများဖြင့် နိုင်ငံတော်၏ကာကွယ်ရေးအတွက် လူစွမ်းကောင်းများကို ရွေးချယ်တင်မြှောက် လေ့ ရှိကြသည်။ အချို့သော ဘုရားပွဲများကိုလည်း ပြာသိုလတွင် ကျင်းပလေ့ရှိသည်။ ထင်ရှားသော ပုဂံအာနန္ဒာဘုရားပွဲကိုလည်း ပြာသိုလတွင် ကျင်းပပြုလုပ်လျက်ရှိပါသည်။