နတ်တော် (နိုဝင်ဘာ/ ဒီဇင်ဘာ)

အသေးစိတ် အချက်အလက်များ

    မြန်မာလများအနက် (၉)လ မြောက်သောလဖြစ်သည့် နတ်တော်လသည် အေးမြသောရာသီဥတုနှင့်အတူ မြူနှင်းများကျလေ့ရှိသည့် နိုဝင်ဘာ-ဒီဇင်ဘာလတွင် ကျရောက်လေ့ရှိပါသည်။ ရှေးခေတ်အချိန်များတွင် ယခုလ၏ ရာသီပွဲတော်မှာ နတ်ပူဇော်ခြင်းပွဲတော်ဖြစ်ပြီး ယင်းဓလေ့မှာ ၁၈၈၅ ခုနှစ်တွင် ကွယ်ပျောက်ခဲ့ပါသည်။ သက္ကရာဇ် ၁၉၉၄ ခုနှစ်တွင် ထူးခြားသောပွဲတော်တစ်ခု ပေါ်ပေါက်ခဲ့ပြီး ယင်းမှာ စာပေအားဂုဏ်ပြုသည့် စာဆိုတော်ပွဲ ဖြစ်ပါသည်။ မြန်မာ့စာပေသမိုင်းတွင် ကုန်းဘောင်ခေတ်မှ အလွန်ထင်ရှားကျော်စောသည့် စာရေး ဆရာ၊ ပြဇာတ်ရေးဆရာ ဦးပုညအား ဂုဏ်ပြုသည့်နေ့တစ်နေ့ သတ်မှတ်ထားခဲ့ပြီး နတ်တော်လအတွင်း နှစ်စဉ်ကျင်းပလေ့ရှိခဲ့ပါသည်။ ယနေ့ခေတ် စာဆိုတော်ပွဲမှာ အတိတ်မှ ထိုအကြောင်းအရာများနှင့် သက်ဆိုင် မှုရှိနေပါသည်။ ထင်ရှားသောပွဲတော်တစ်ခုဖြစ်ပြီး စာဆိုတော်နေ့ဖြစ်သော နတ်တော်လဆန်း (၁) ရက်နေ့တွင် ကျင်းပလေ့ရှိပါသည်။ ယနေ့ခေတ်တွင် စာရေးဆရာများ၊ ကဗျာဆရာများ၊ နယ်ပယ်အသီးသီးမှ ဘာသာပြန်ဆရာ များအား ၎င်းတို့၏ ပြောင်မြောက်ထူးချွန်မှုများအတွက် စာဆိုတော်နေ့အခမ်းအနားပွဲ၌ နိုင်ငံတော်မှ ချီးမြှင့်သည့် အမျိုးသားဆုတံဆိပ်များကို ပေးအပ်လေ့ရှိပါသည်။