ဝါခေါင်လ (ဇူလိုင်/ ဩဂုတ်)

အသေးစိတ် အချက်အလက်များ

ဝါခေါင်လသည် မြန်မာပြက္ခဒိန်အရ ငါးလမြောက်ဖြစ်ပါသည်။ ဇူလိုင်နှင့် ဩဂုတ်လတို့အတွင်း ကျရောက်ပြီး မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ချောင်းများတွင် ရေများပြည့်လျှံနေလေ့ရှိသည့် မိုးဥတုဖြစ်ပါသည်။ ဗုဒ္ဓဘုရားရှင်သက်တော်ထင်ရှားရှိစဉ် ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းနေသုံးတော်မူစဉ် တပည့်ဒါယကာ ဒါယိကာမများမှ မိမိတို့သည် သံဃာတော်များအား ကျောင်းတော်တွင် ဆွမ်းနှင့် လှူဖွယ်ပစ္စည်း များ တစ်ချိန်တည်းတစ်ပြိုင်တည်း ဆက်ကပ်ရန် အခက်အခဲရှိနေကြောင်း လျှောက်ထားရာ ဘုရားရှင်သည် သံဃာတော်များ၏ ဘွဲ့အမည်များကို မဲတံများပြုလုပ်ကာ လှူဒါန်းမည့် ပုဂ္ဂိုလ်အားရွေးချယ် မဲနှိုက်စေပါသည်။