ကြေငြာချက်များ

သတိပြုဖွယ်များ

အသိပေးတားမြစ်ချက်များ

ဓာတ်တော်တိုက်အတွင်း

  • အစားအသောက်များနှင့် အချိုရည်ဘူးများ ယူဆောင်ခြင်း မပြုလုပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
  • လက်ကိုင်ဖုန်း မသုံးရ။
  • တယ်လီဖုန်းများ ပိတ်ထားခြင်းဖြင့် ကုသိုလ်ယူနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။
  • ရေစိုထီးများ ယူဆောင်ခြင်းမပြုရ။
  • ဖိနပ်များ ယူဆောင်ခြင်း မပြုရန် မေတ္တာရပ်ခံပါသည်။
မှန်လုံအအေးခန်း အာရုံခံပြာသာဒ်ဆောင်အမှတ်(၂)

(၁) ဘာသာရေးအခမ်းအနား မရှိသည့်ရက်များတွင် ဘုရားဖူးများ နံနက် ၅းဝဝ နာရီ မှ ညနေ ၆:ဝဝ နာရီ ထိ ပြာသာဒ်ဆောင်အမှတ်(၂) အတွင်းဝင်ရောက်၍ ဘုရားဝတ်ပြုတရားထိုင်၊ ပုတီးစိပ်၊ အဓိဋ္ဌာန်ဝင်ခြင်း များ ပြုလုပ်နိုင်ပါသည်။

(၂) ပြသာဒ်ဆောင်အမှတ်(၂)အတွင်းသို့ ဝင်ရောက်ပါက အောက်ပါ သတ်မှတ်ချက်များကို လိုက်နာခြင်းဖြင့် ကုသိုလ်ယူကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်-

  • ထီး၊ ဖိနပ် နှင့် အစားအစာများ ခန်းမအတွင်းသို့ ယူဆောင်ခြင်း မပြုကြရန်။
  • ခန်းမအတွင်းတွင် ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်းများ မပြုလုပ်ကြရန်။
  • ဘောင်းဘီတို၊ စကပ်တို နှင့် မလုံမခြုံဝတ်စားဆင်ယင်၍ ခန်းမ အတွင်းသို့ ဝင်ရောက်ခြင်း မပြုကြရန်။
  • အချင်းချင်းစကားပြောနေခြင်း၊ အိပ်စက်အနားယူနေခြင်းများ မပြုလုပ်ကြရန်။
  • တယ်လီဖုန်းအသုံးပြုခြင်း၊ စကားကျယ်လောင်စွာပြောဆိုခြင်း၊ ကျယ်လောင်စွာ ဘုရားရှိခိုးခြင်း၊ ပရိတ်ရွတ်ဖတ်ခြင်းများ မပြု လုပ်ကြရန်။
  • သန့်ရှင်းမှုနှင့် တိတ်ဆိတ်မှုကို ထိခိုက်နိုင်ပါသဖြင့် ကလေး၊ သူငယ်များဖြင့် အတွင်းသို့ဝင်ရောက်ခြင်း မပြုလုပ်ကြရန်။

ဘုရားဖူးအဖွဲ့များ သိရှိလိုက်နာကြရန်

သီရိမင်္ဂလာကမ္ဘာအေးစေတီတော်အတွင်းရှိ မြတ်စွာဘုရားဓါတ်တော်နှင့် အဂ္ဂသာဝကအရှင်မြတ်ကြီး (၂)ပါးတို့၏ရဟန္တာဓာတ်တော်များကို ကြိုတင်ခွင့်ပြုချက်ဖြင့်လည်းကောင်း၊ ဓာတ်တော် အပူဇော်ခံရန် သတ်မှတ်ရက်များတွင်လည်းကောင်း အများပြည်သူများ ဖူးမြှော်ကြည်ညိုနိုင်ရန် စီစဉ်ပေးလျက်ရှိ ပါသည်။

ဘုရားဖူးများအနေဖြင့် မိမိတို့ သဒ္ဓါတတ်အားသမျှ မြတ်စွာဘုရားနှင့် ရဟန္တာအရှင်မြတ်ကြီးများကိုသာ ရည်မှန်းအာရုံပြု၍ ကုသိုလ်ယူလှူဒါန်းကြပါရန်နှင့်ဂေါပကအဖွဲ့ဝန်ထမ်းများ၊ လုံခြုံရေးဝန်ထမ်းများအား အကျိုးဆောင်ခ တံစိုးလက်ဆောင် ငွေကြေးပေးခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် မေတ္တာရပ် ခံအပ်ပါသည်။

ရင်ပြင်တော်သန့်ရှင်းစေရေးအတွက် မိမိတို့၏ ဖိနပ်များကို အိတ်ဖြင့်ယူဆောင်ခြင်းဖြင့် ကုသိုလ်ယူပါ။

ဘေးမဲ့ငါးလွှတ်ကန်အတွင်း အသားစားငါးပေါက်များလွှတ်ခြင်းနှင့် ပြင်ပအစားအစာများကျွေးသည့် အတွက် ငါးများသေဆုံးခြင်းဖြစ်ပေါ်နေပါသဖြင့် ငါးသားပေါက်များ၊ ပြင်ပအစားအစာများ ရောင်းချခြင်း၊ ယူဆောင်ခြင်းများ (လုံးဝ) မပြုလုပ်ပါရန်နှင့် ရောင်းချခြင်းများတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

ဘုရားနှင့်ပလ္လင်ရှေ့များတွင် ဖယောင်းတိုင်၊ အမွှေးတိုင်များ ထွန်းညှိ ပူဇော်ခြင်း မပြုလုပ်ရန်နှင့် ကွမ်းယာ၊ အမှိုက်များအား စည်းကမ်းတကျ စွန့်ပစ်၍ ကုသိုလ်ယူကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဘုရားရင်ပြင်တော် နှင့် ဂရုကုဋီတိုက်အတွင်းသို့ ဝင်ရောက်ဖူးမြှော်ကြရာတွင် စကတ် အတို၊ ဘေးခွဲ၊ ဘောင်းဘီတို့နှင့် အဂါရဝအဝတ်အစားများ မဝတ်ဆင်ခြင်းဖြင့် ကုသိုလ်ယူကြပါရန်မေတ္တာရပ်ခံပါသည်။

FOREIGNER ADMISSION FEE COUNTER

ADMISSION FEE - 10000 KS per person FREE OF CHARGE
- Monks & Nuns
- Children under 5 years
- Camera & Video
- Toilet

လှူဒါန်းမှုဆိုင်ရာများ

ရွှေသင်္ကန်းတော်ဆိုင်ရာ

ရွှေစင် (၁) ကျပ်သား တစ်ချပ် = ၂,၅၀၀,၀၀၀/-
ရွှေစင် (၆) ကျပ်သား တစ်ချပ် = ၁၅,၀၀၀,၀၀၀/-

Abstract black and white patterned brick floor provides a geometric visual effect.

နေပူခံကျောက်ပြား

(၁) ချပ် – ၅၀၀၀ ကျပ်

ဘက်စုံပြုပြင်မွမ်းမံခြင်းများ

ဘက်စုံပြုပြင်မွမ်းမံခြင်းများ အတွက်လည်း သဒ္ဓါတရားနည်းများမဆို ပါဝင်လှူဒါန်းနိုင်ပါသည်။

လျှပ်စစ်မီး အလှူတော်ငွေနှုန်းထားများ

စေတီတော်မြတ်ကြီးတစ်ဆူလုံး တစ်ည လျှင် ၅၀၀၀၀ ကျပ်

လှူဒါန်းရန်

ဤနေရာတွင် မည်သည့် Online Payment နှင့်မဆို Scan ဖတ်၍ လှုဒါန်းနိုင်ပါသည်။

ဖွင့်ချိန်/ ပိတ်ချိန်များ

ဓာတ်တော်တိုက်

ဖွင့်ချိန် – နံနက် (၄း၃ဝ) နာရီ
ပိတ်ချိန် – ညနေ (၆းဝဝ) နာရီ

သီရိမင်္ဂလာကမ္ဘာအေးစေတီတော်

၁- ၇- ၂ဝ၂၄ ရက်နေ့မှစ၍
စေတီတော်ရင်ပြင် ဖွင့်ချိန်- နံနက်(၄း၀၀)နာရီ
စေတီတော်ရင်ပြင် ပိတ်ချိန်- ည(၉းဝဝ)နာရီ

ငါးကန်ပေါက် ဂိတ်တံခါးတော်

ဖွင့်ချိန် – နံနက်(၈း၀၀)နာရီ
ပိတ်ချိန် – ညနေ(၄း၀၀)နာရီ