မူလထီးတော်ဗိမာန်

မှတ်တမ်းဓာတ်ပုံများ


(က) ၂၂ – ၃ – ၂ဝ၁၅ ရက်နေ့တွင် ပန္နက်တင်မင်္ဂလာအခမ်းအနားပြုလုပ်၍ ၂၅ – ၃ – ၂ဝ၁၅ ရက်နေ့မှ စတင်ဆောက်လုပ်ခဲ့ရာ ၂၅ – ၇ – ၂ဝ၁၅ ရက်နေ့တွင် ၁၀-၉-၂၀၁၅ ရက်နေ့တွင် ရေစက်ချမင်္ဂလာအခမ်းအနား ပြုလုပ်ခဲ့ပါသည်။
(ခ) ၂၇ ပေ × ၂၇ ပေ × ၃၁ ပေ ကျယ်ဝန်းပြီး ဘုရားဖူးများ ဘုရားဝတ် ပြုနိုင်ရန် ၂၇ပေ × ၁၄ ပေ နေရာလွတ်ပါရှိပါသည်။
(ဂ) ထီးတော်ကြီး၏ ဘေးနှစ်ဖက်တွင် ၁ဝပေ × ၃ပေ × အမြင့်၇ပေ ရှိ မှန်အထူခင်း မှန်အထူကာ လုံခြုံမှုသံပန်းအကာဖြင့် Show case ပြခန်းနှစ်ခု ထည့်သွင်းပြုလုပ်ထားပြီး စေတီတော် နှင့် ပက်သက်သည့် သမိုင်းဝင် ပစ္စည်းများကို ခင်းကျင်းပြသထားပါသည်။
(ဃ) မူလထီးတော်ဗိမာန်နှင့်ဆက်စပ်လုပ်ငန်းများအတွက် စုစုပေါင်း ကျပ် ၃၅ဝ သိန်းခန့် ကုန်ကျခဲ့ပါသည်။
(င) မူလထီးတော်ဗိမာန်အား ၁၀ – ၉ -၂၀၁၅ ရက်နေ့မှစ၍ နံနက်(၉း၀၀)နာရီမှ ညနေ(၄း၀၀)နာရီ အတွင်း အများပြည်သူတို့အား ဝင်ရောက်ဖူးမြှော်နိုင်ရန် ဖွင့်လှစ်ထားရှိပါသည်။