တန်ခူးလ (မတ်/ ဧပြီ)

အသေးစိတ် အချက်အလက်များ

တန်ခူးလသည် မြန်မာလများအနက် ပထမဦးဆုံးလဖြစ်ပြီး မတ်လနှင့် ဧပြီလတို့တွင် ကျရောက်လေ့ရှိပါသည်။ မြန်မာ့နှစ်သစ် ကူးပွဲတော် “သင်္ကြန်” အား တန်ခူးလတွင်ကျင်းပပြီး ပုံမှန်အားဖြင့် ဧပြီလ ၁၃ရက်နေ့ သို့မဟုတ် ယင်းနေ့ဝန်းကျင်တွင် ကျရောက်လေ့ရှိပါသည်။ သင်္ကြန်အား တကောင်းခေတ်မှ စတင်ကျင်းပခဲ့ပြီး ပုဂံမင်းဆက်တွင် ပိုမိုထင်ရှားလာခဲ့ပါသည်။ ရေသည် အေးမြခြင်း၊ သန့်ရှင်းစင်ကြယ်ခြင်း၊ အညစ်အကြေးတို့ကိုသန့်ရှင်းစေနိုင်ခြင်းတို့ကို ကိုယ်စားပြုခြင်းကြောင့် နှစ်ဟောင်းမှ အညစ်အကြေးများကို စွန့်ပစ်ကာ နှစ်သစ်ကိုအေးမြခြင်း စိတ်ချမ်းမြေ့ခြင်းတို့နှင့် ကြိုဆိုသောအားဖြင့် တစ်ဦးနှင့်တစ်ဦး အတာရေ ပက်ဖျန်းကာ ကြိုဆိုလေ့ရှိကြသည်။ တန်ခူးလ၏ အထင်ရှားဆုံးသော ဝိသေသမှာ မြန်မာလူမျိုးတို့အတွက် သာမကဘဲ လူတိုင်းလူတိုင်း ပါဝင်ဆင်နွှဲနိုင်သည့် ကုသိုလ်ကောင်းမှု ပြုလုပ်သည့်ပွဲတော်ပင်ဖြစ်သည်။ ရေကစားခြင်းအပြင် နောက်ထပ်ထူးခြားသည့်အကြောင်းအရာမှာ ရှေးယခင်မှစတင်၍ ယခုအချိန်ထိ ပြုလုပ်လာခဲ့ကြသည့် လူကြီးသူမများအားတရော်(ကင်ပွန်း)ဖြင့် ခေါင်းလျှော် (ခေါင်းဆေးမင်္ဂလာ) ပြုလုပ်ပေး ခြင်းနှင့် လက်သည်းခြေသည်း ညှပ်ပေးခြင်းဖြစ်ပါသည်။