ပြတိုက်ပြခန်း (၁)

ပန်းချီကားများ

ပန်းချီကား - ၁

ဥက္ကလာပမင်းကြီးနှင့်တကွ တဖုဿ၊ ဘလ္လိက တို့ပါ မူးမတ်ဗိုလ်ပါများနှင့် သိင်္ဂုတ္တရကုန်းကို မြေညှိပြုပြင်နေပုံ။

ပန်းချီကား - ၂

မြတ်စွာဘုရားသခင် လင်းလွန်းပင်၌ ရက်သတ္တပတ်စံနေတော်မူစဉ် နတ်ဗြဟ္မာတို့ဖူးမျှော်နေကြခြင်း။

ပန်းချီကား - ၃

တဖုဿနှင့်ဘလ္လိကညီနောင် လှည်း ကုန်သည်တို့အား ရုက္ခစိုး နတ်မင်းက လင်းလွန်းပင်၌ မြတ်စွာဘုရားစံနေကြောင်း ညွှန်ပြနေပုံ။

ပန်းချီကား - ၄

တဖုဿနှင့်ဘလ္လိကညီနောင် တို့က မြတ်စွာဘုရားအား ပျားဆုပ်မုန့် ကပ်လှူပုံနှင့် မြတ်စွာဘုရားက တဖုဿနှင့်ဘလ္လိကညီနောင် တို့အား ဆံတော်ရှစ်ဆူ ပေးသနားပုံ။

ပန်းချီကား - ၅

တဖုဿနှင့်ဘလ္လိကညီနောင် တို့သည် ရွက်သင်္ဘောဖြင့် ပင်လယ်တွင်းမှ ပင်‌ဆောင့်လာရာ နတ်ဗြဟ္မာများက ထီးဖြူမိုး၍ ရေနဂါးများက ဝိုင်းရံဖူးမျှော်နေပုံ။

ပန်းချီကား - ၆

တွံတေးမြို့သို့ ဆိုက်ရောက်သော အခါ တွံတေးမြို့သူမြို့သားအပေါင်းတို့က ကြိုဆို၍ ဖူးမျှော်နေကြဟန်။

ပန်းချီကား - ၇

ဒဂုံမြို့သို့ သင်္ဘောကြီးဆိုက်ကပ် နေရာ ဥက္ကလာပမင်းကြီးသည် အခြံအရံနှင့်တကွ ကိုယ်တော်တိုင် ဆံတော်ကြုတ်ကိုပင့်ဆောင်၍ သင်္ဘောပေါ်မှ ဆင်းဟန်။

ပန်းချီကား - ၈

ဥက္ကလာပမင်းကြီးသည် မိဖုရားမှစ၍ တဖုဿ၊ ဘလ္လိက၊ မူးမတ်ဗိုလ်ပါများနှင့် ဆံတော်များကို ပင့်လာရာ ဆူးလေကုန်းတွင် ဆူးလေနတ်မင်းကြီးက သိင်္ဂုတ္တရကုန်းတော်ကို လက်ဆန့်၍ ညွှန်ပြနေပုံ။

ပန်းချီကား - ၉

ကုန်းတော် ကိုးကုန်းကို အမြင့်ဆုံးကုန်းတော်မှ ကြည်နူးဖွယ်မြင်ရခြင်း။

ပန်းချီကား - ၁၀

ငါးဆူကုန်းတွင် ခေတ္တစံကျောင်းတော်၌ ဆံတော် များစံနေတော်မူရာ လူ၊ နတ်၊ ဗြဟ္မာ၊ ဥက္ကလာမင်းကြီးနှင့် မိဖုရား ၊ တဖုဿ၊ ဘလ္လိကတို့နှင့်တကွ ဖူးမျှော်နေ သောအခန်း။

ပန်းချီကား - ၁၁

ဥက္ကလာပမင်းကြီးနှင့်တကွ တဖုဿ၊ ဘလ္လိက တို့ပါ မူးမတ်ဗိုလ်ပါများနှင့် သိင်္ဂုတ္တရကုန်းကို မြေညှိပြုပြင်နေပုံ။

ပန်းချီကား - ၁၂

ဥက္ကလာပမင်းကြီးနှင့် တဖုဿ၊ ဘလ္လိကတို့ ကြပ်မတ်၍ လူရော၊ နတ်ပါ တည်နေကြသော အခန်း။

ပန်းချီကား - ၁၃

ရွှေတိဂုံစေတီတော်ကြီးတည်၍ ပဌမံပစ္စယံအပြီး တွင်ဥက္ကလာပမင်းကြီး၏ ပရိတ်သတ်နှင့် တဖုဿ၊ ဘလ္လိကပါ နတ်၊ ဗြဟ္မာအများဝိုင်းရံ၍ ဆံတော် များကို ဌာပနာနေပုံ။

ပန်းချီကား - ၁၄

ရွှေတိဂုံစေတီတော်ကြီး ပြီးမြောက်၍ ဥက္ကလာပ မင်းကြီးနှင့် မိဖုရားမူးမတ်စုံညီ တဖုဿ၊ ဘလ္လိက မှစ၍ လူအများ ကြည်ညိုနေကြရာ နတ်ဗြဟ္မာ များကလည်း ကောင်းကင်မှ ကြည်ညိုနေကြသောပုံ။

ပန်းချီကား - ၁၅

ကျိုက်ဒေးအပ်ဘွဲ့တော်ဖြင့် စေတီတစ်ဆူကို ဗိုလ်ချေတထောင်နှင့် တည်ထားကိုးကွယ်ရာ မင်းမိဖုရားအခြံအရံနှင့်တကွ ပူဇော် နေပုံ။

ပန်းချီကား - ၁၆

ဆူးလေနတ်ကြီး ညွှန်ပြသောနေရာတွင် ဆူးလေ စေတီဟု စေတီတစ်ဆူတည်ထား၍ လူအများစည်ကားပုံ။

ပန်းချီကား - ၁၇

တွံတေးမြို့တွင် ဆံတော်များ အား ကြိုဆို၍ ဖူးမျှော်ကြသော နေရာ၌ ဆံတော်ကြိုစေတီတည်ထား၍ လူအများဖူးမြော်နေကြဟန်။

ပန်းချီကား - ၁၈

စင်္ကြာမင်းကလေး၏ ခမည်းတော် စစ်ကိုင်းမင်း သည် ကရဝိတ်ဖောင်တော်ဖြင့် လှေငယ်အများ ဝန်းရံကာ ဧရာဝတီမြစ်အတွင်းမှ စုံဆင်းလာပုံ။

ပန်းချီကား - ၁၉

တွံတေးမြို့ဆံတော်ကြိုစေတီတော်ကို စစ်ကိုင်းမင်း သည် မူးမတ်ဗိုလ်ပါအပေါင်းနှင့် ဖူးမျှော်နေသော အခန်း။

ပန်းချီကား - ၂၀

ဗိုလ်တထောင်စေတီကို စစ်ကိုင်းမင်းသည် မူးမတ် ဗိုလ်ပါ တို့နှင့် ဖူးမျှော်ရသောအခန်း။

ပန်းချီကား - ၂၁

ဆူးလေစေတီတော်ကို စစ်ကိုင်းမင်းသည် မူးမတ် ဗိုလ်ပါတို့နှင့်တကွ ဖူးမျှော်နေသောအခန်း။

ပန်းချီကား - ၂၂

ရွှေတိဂုံစေတီတော်ကြီးကို စစ်ကိုင်းမင်းသည် မူးမတ်ဗိုလ်ပါတို့နှင့် ဖူးမျှော်နေသောအခန်း။

ပန်းချီကား - ၂၃

ငါးဆူကုန်းတွင် စစ်ကိုင်းမင်းသည် မူးမတ် ဗိုလ်ပါတို့နှင့် ဆံတော်နားစေတီငယ်တစ်ဆူတည်သောအခန်း။

ပန်းချီကား - ၂၄

ဆံတော်နားစေတီတည်ပြီး၍ စစ်ကိုင်းမင်းသည် မူးမတ်ဗိုလ်ပါတို့နှင့် ကြည်ညိုနေသောအခန်း။

ပန်းချီကား - ၂၅

အင်္ဂလိပ်စစ်သားများသည် ဆံတော်နားစေတီ ငယ်ကို ဖြိုဖျက်နေသောအခန်း။

ပန်းချီကား - ၂၆

အင်္ဂလိပ်စစ်သားများသည် ဆံတော်နားစေတီ ငယ်ကို ဖြိုဖျက်ပြီး၍ နွားသတ်ရုံဆောက်ပြီး နွားတို့ကို တုပ်နှောင် သတ်ဖြတ်နေပုံ။

ပန်းချီကား - ၂၇

ဆရာတော်ကြီးကို ရသေ့တစ်ပါးက သေးငယ် သောအိတ်ကို လမ်းမှာ ကြမှာစိုး၍ သေချာစွာ ခါးကိုချီပေးနေရာ ရသေ့တစ်ပါးက ပြုံးလျက် ကြည့်နေသော အခန်း။

ပန်းချီကား - ၂၈

ဆရာတော်ကြီးက လူပရိတ်သတ် အများကိုကပ်သုံးပါးကို ကျော် နင်း၍ ပြည်တော်အေးရန် ကြိုးစား၍ ပြည်သူပြည်သားများကို မေတ္တာပွားများရန် ဆိုဆုံးမနေပုံ။

ပန်းချီကား - ၂၉

ရုပ်ပွားတော် ၄ ဆူ ကျောခြင်းကပ်လျက် လူအများ ဖူးမျှော်နေသောအခန်း။

ပန်းချီကား - ၃၀

ခမ်းနားလှစွာသော တိုက်ခန်းကြီးတွင် ဆရာ တော်ကြီးနှင့် ဝန်ကြီးများတို့ စကားပြောနေသောအခန်း။

ပန်းချီကား - ၃၁

ရွှေတိဂုံကုန်းတော် တန်ဆောင်းကြီးအတွင်း ရုပ်ပွားတော်ရှေ့တွင် ဆရာတော်ကြီး အဓိဌာန်ဝင်ပြီး တရားအားထုတ်နေ၍ ဆရာတော်နှင့် ရသေ့ တို့သည် စကားပြောနေသောအခန်း။

ပန်းချီကား - ၃၂

သံတန်ဆောင်းကြီးတွင် လူအများဆင်းခြင်း၊ တက်ခြင်းဖြင့် စည်ကားလျက်ရှိ‌သော အခန်း။

ပန်းချီကား - ၃၃

ဒီပကရာ မြတ်စွာဘုရား ကြွလာတော်မူရာ လမ်းပြင်၍မပြီးသေးကောရွှံ့ညွန်ပေါ်မှ သုမေဓါရသေ့သည် မိမိကိုယ်ကို တံတားခင်း၍ ကြွတော်မူရန် လျှောက်ထားဟန်။

ပန်းချီကား - ၃၄

စကြာဠာတသောင်းရှိ သကြားဗြဟ္မာအပေါင်းတို့သည် အလောင်းတော်နတ်သားအား ဘုရားဖြစ်ချိန်တန်ပါပြီဟု လာရောက်တောင်းပန်ကြသောအခန်း။

ပန်းချီကား - ၃၅

မိဖုရားကိုသလွန်နှင့်အကွချီ၍ ဟိမဝန်တောသို့ဆောင်ပြီးလျှင် နတ်ပန်းတံဆာကိုဆင်လျှက် ငွေတောင်ထွဋ်ထက်အိပ်စေသောမြောက်အရပ်မှဆင်ဖြူရတနာ လကျာနံပါးကိုလှစ်၍ဝင်သည်ဟု အိမ်မက်တော်မူခန်း။

ပန်းချီကား - ၃၆

လုမ္ပနီအင်ကြင်းတော၌ ဘွားတော်မူလျှင် နတ်ဗြဟ္မာအပေါင်းတို့ပူ‌ဇော်ကြကုန်လျှက် အလောင်းတော်သည် မြောက်သို ခနှစ်ဖဝါးသွား၍ သုံးခွန်းသောစကားဖြင့် ကြုံးဝါးတော်မူခန်း။