မဟာဘုံကထိန်ပွဲတော်

အသေးစိတ် အချက်အလက်များ

မဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ၂၀၁၅ ခုနှစ် ၁၃၇၇ ခုနှစ်မှစတင်၍ ကျင်းပခဲ့ ကြပါသည်။ ကြီးငါးကြီးဆုတောင်းပြည့်ဘုရား၏ ပင်တိုင်အလှူရှင်ကြီးများ၊ နာယကကြီးများ၊ ဂေါပကအဖွဲ့ ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ အလှူရှင်များ စုပေါင်း၍ နှစ်စဉ်ပဒေသာ ပင်(၃၀)ကျော်ခန့် ရရှိကာ ကထိန်မရ ရှိသေးသော ကျောင်းများသို့ ဂေါပကအဖွဲ့ကသွားရောက်ကာ မဟာဘုံကထိန်မြတ် သင်္ကန်းတော်နှင့် ပဒေသာပင်များ၊ လှူဘွယ်ဝတ္ထုများ၊ ဆွမ်းခဲဘွယ်ဘောစဉ်တို့ကို ဆက်ကပ်လှူဒါန်း ကြပြီး ကျောင်းတိုက်ဧည့်ပရိတ်သတ်တို့ကိုလည်း ဧည့်ခံကျွေးမွေး လှူဒါန်းခဲ့ကြပါသည်။ ကြီးငါးကြီး ဆုတောင်းပြည့်ဘုရားတွင်လည်း မဟာဘုံကထိန်အနုမောဒနာတရားတော်နာယူကြပြီး ဩဝါဒါစရိယ ဆရာတော်များအား ဆွမ်းနှင့် လှူဘွယ်ဆက်ကပ်ကာ ပဒေသာပင်များကို စာရေးတံမဲချ၍ လှူဒါန်း ကုသိုလ်ပြုခဲ့ကြပါသည်။