ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ
အသေးစိတ် အချက်အလက်များ
ကြီးငါးကြီးဆုတောင်းပြည့်ဘုရားဂေါပကအဖွဲ့သည် ၂၀၁၅ ခုနှစ် ဝါဆိုလပြည့်မှ စတင်၍ ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်း၊ ဝါဆိုဆွမ်းနှင့် လှူဘွယ်ဝတ္ထု ဆက်ကပ်လှူဒါန်းကာ ဘုရားဖူးဧည့်ပရိတ်သတ်နှင့်ရွှေတိဂုံစေတီတော်သို့ လာရောက်ဘုရားဖူး ပရိတ်သတ်များကို စတုဒီသာထမင်း/ဟင်း လှူဒါန်းခဲ့ကြပါသည်။ ဝါတွင်း တနင်္ဂနွေနေ့တိုင်း အလှည့်ကျ ဆရာတော်များထံမှ ဂေါပကအဖွဲ့နှင့် အဓိဌာန်ဝင်သူတော်စင်တို့က ရှစ်ပါးသီလခံယူစောင့်တည်ကြပြီး သီလပေးဆရာတော်အား သင်္ကန်း၊ ဆွမ်းနှင့် လှူဘွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပါသည်။




