စုပေါင်းထမနဲထိုးပွဲတော် အသေးစိတ် အချက်အလက်များ ၂၀၁၆ ခုနှစ်ကစတင်၍ နှစ်စဉ် တပို့တွဲလပြည့်နေ့ နံနက် ထမနဲ အရုဏ်ဆွမ်းကပ်ရန်နှင့် ထမနဲ လှူဒါန်းရန်အတွက် တပို့တွဲလဆန်း(၁၄)ရက်နေ့ နံနက်မှစ၍ ဂေါပကအဖွဲ့ဝင်များ၊ ဝေယျာဝစ္စ အဖွဲ့များ ကစေတနာသဒ္ဓါထက်သန်ပြီး တက်ကြွစွာ စုပေါင်း၍ ထမနဲအိုး(၃၀)ခန့် ထိုးကာ ဖော့ဘူး များဖြင့်ထည့်၍ တပို့တွဲလပြည့်နေ့တွင် အရုဏ်ဆွမ်းကပ်ပြီးသည်နှင့် ၇-ရက်သားသမီးတို့အား ဝေငှ လှူဒါန်းခဲ့ကြပါသည်။