သံဃာ မဟာ ပဝါရဏာပွဲတော်
အသေးစိတ် အချက်အလက်များ
ရွှေတိဂုံစေတီတော်အနီး မင်းကွန်း(၂)ကျောင်း ရှင်ပြန်ဆရာတော်ဘုရားကြီး ဦးဆောင် ကျင်းပခဲ့သည့် ဗဟန်းမြို့နယ် ရေတာရှည်ရပ်ကွက်လုံးဆိုင်ရာ သံဃာ မဟာ ပဝါရဏာပွဲတော်အား ရေတာရှည် ရပ်ကွက် သံဃနာယကဆရာတော်များနှင့် ဂေါပကအဖွဲ့တို့ပူးပေါင်းကာ သီတင်းကျွတ် လပြည့်နေ့မွန်းလွဲ(၁း၀၀)နာရီအချိန်တွင် ရေတာရှည်ရပ်ကွက် သွေးဆေးကန်ကျောင်းတိုက်၊ သိမ်တော်ကျောင်း ခေမာဘိဇေယျသိမ်တော်မြတ်တွင် ကျင်းပခဲ့ကြပါသည်။ သိမ်ဆင်းသံဃာတော် များအား နဝကမ္မအလှူတော်ငွေ လှူဒါန်းသည့်အပြင် စာရေးတံမဲချကာ လှူဒါန်းမှုများကို နှစ်စဉ် ကျပ်သိန်း(၅၀)ကျော်ခန့်ကို ဂေါပကအဖွဲ့၏ နာယကကြီးများ၊ ဂေါပကအဖွဲဝင်များနှင့် အလှူရှင်များ စုပေါင်း၍ နှစ်စဉ်လှူဒါန်းခဲ့ကြပါသည်။




