ကဆုန်ညောင်ရေသွန်းပွဲတော်နှင့် စတုဒီသာထမင်း/ဟင်းအာဟာရလှူဒါန်းပွဲတော်

အသေးစိတ် အချက်အလက်များ

ကဆုန်လပြည့်နေ့ညောင်ရေးသွန်းပွဲတော်ကို ၂၀၁၆ ခုနှစ်က စတင်၍ ကျင်းပခဲ့ကြပါသည်။ ဝန်ကြီးချုပ် ဦးနုစိုက်ပျိုးလှူဒါန်းခဲ့သော ဗောဓိညောင်ပင်နေရာတွင် အလှူရှင်ကြီး ဦးတင်ဦးက ထပ်မံ စိုက်ပျိုးလှူဒါန်းခဲ့သည့် ဗောဓိညောင်ပင်ကြီးသည် အကိုင်းအခက်စုံလင်စွာဖြင့် ဂြိုလ်ရှစ်ခွင် ကျောက်ဆင်းတု ရုပ်ပွားတော်မြတ်ကြီးများအား အရိပ်ပေးထားသည်မှာ ဖူးတွေ့ရသူများအတွက် ကြည်ညိုစိတ်များ ပို၍ ဖြစ်ပေါ်စေပါသည်။ နံနက်အရုဏ်တက်တွင် ဩဝါဒါစရိယဆရာတော်ကိုးပါးက ဂြိုလ်ရှစ်ခွင်တွင် တင့်တယ်စွာသီတင်းသုံးနေတော်မူကြသည့် ရုပ်ပွားတော်မြတ်များအား ဗုဒ္ဓဘိသေက အနေကဇာတင်လှူကြသော ဆရာတော်များအား ဆွမ်းနှင့်လှူဖွယ်ဝတ္ထုဆက်ကပ်လှူဒါန်းကြကာ စတုဒီသာထမင်း/ဟင်း လှူဒါန်းခဲ့ကြပါသည်။ နံနက်(၆)ခန့်က ည(၆)နာရီခန့်အထိ ညောင်ရေသွန်း လောင်းပူဇော်ကြသူများဖြင့် အလွန်စည်ကားလှပါသည်။