နှစ်ဆန်း ၁ ရက်နေ့ စတုဒီသာကျွေးမွေးလှူဒါန်းခြင်းနှင့် ဇီဝိတဒါနအသက်ကယ်ပွဲ(ငါးလွှတ်ပွဲ) ကျင်းပခြင်း
အသေးစိတ် အချက်အလက်များ
၂၀၁၆-၂၀၁၇ နှစ်ဆန်း ၁ ရက်နေ့တွင် ပေါက်စံတည်ပရဟိတအသင်း၊ ဖြူစင်မေတ္တာပရဟိတ အသင်းနှင့် ကြီးငါးကြီးဘုရားဂေါပကအဖွဲ့က ပူးပေါင်း၍ ငါးကောင်ရေ( )သိန်းနှင့်လူ ၁၀၀၀၀ ခန့်အား စတုဒီသာထမင်း/ဟင်းအာဟာရအလှူတော်ကို ရွှေတိဂုံစေတီတော်မြောက်ဘက်မုခ် အနီးတွင်မဏ္ဍပ်ကြီးများထိုး၍ ကုသိုလ်ယူလှူဒါန်းခဲ့ကြပြီး ၂၀၁၈-၂၀၁၉ နှစ်များတွင် ကြီးငါးကြီး ဆုတောင်းပြည့်ဘုရားရင်ပြင်တော်တွင် ဂေါပကအဖွဲ့က စုပေါင်း၍ စတုဒီသာ ထမင်း/ဟင်းအာဟာရ လှူဒါန်းခဲ့ကြပါသည်။




