ကြီးငါးကြီးစေတီတော် သမိုင်း
ဘီစီ(၅၈၈) လွန်ခဲ့သောနှစ်ပေါင်း၂၆၀ဝ ကျော် မဟာသက္ကရာဇ်(၁၀၃)ခု တွင် ‘တဖုဿနှင့် ဘလ္လိကညီနောင်တို့သည် မြတ်စွာဘုရားပေးသနားတော်မူလိုက်သော ဆံတော်ရှစ်ဆူကို ဥက္ကလာပမင်းကြီး ထံယူဆောင်လာ၍ စေတီတည်ထားကိုးကွယ်ရန် ဘူမိနက်သန်မြေ ဖြစ်သော သိင်္ဂုတ္တရကုန်းကို ရှာဖွေကြသည်။ ရုတ်တရက် မတွေ့နိုင်သဖြင့် သိကြားမင်း မနေနိုင်သောကြောင့် ဝိသကြုံ နတ်သားကို စေလွှတ်၍ တောရှင်းစေသည်တွင် သိင်္ဂုတ္တရကုန်းမြေကို တွေ့ရှိကြသည်။ သို့သော်လည်း အခြားသော ဘုရားရှင်သုံးဆူတို့၏ ဓာတ်တော်များ တည်ရှိရာတွင် ဆံတော်များကို ဌာပနာ၍ စေတီတည်ရမည်ဖြစ်ရာ ထိုနေရာကို မသိကြ ဖြစ်သဖြင့် ဆူးလေစေတီတည်မည့် ကုန်းနေရာ၌ ဥက္ကလာပမင်းနှင့်တကွ လူနတ်အများ စုဝေးကြပြီးလျှင် ဆူးလေနတ်ကြီး အပါအဝင် နတ်ကြီးလေးပါးကို ပင့်ခေါ်၍ မေးသည်တွင်မှ ထိုနေရာကို တွေ့ရှိသောကြောင့် ရွှေတိဂုံစေတီတော်ကို တည်ကြသည်။ ထို့နောက် နတ်လူအများစုဝေးကြရာ ကုန်းမြေ၌ အထိမ်းအမှတ် စေတီတစ်ဆူတည်၍ စုဝေးစေတီတွင်သည်။
ကြီးငါးကြီးဆုတောင်းပြည့်ဘုရားသမိုင်းပြုစုရာတွင် ရွှေတိဂုံစေတီတော်မြတ်၏သမိုင်းကို မှီငြမ်း ရပေမည်။ အဘယ်ကြောင့်ဆိုသော် ရှေးခေတ် ပန်းချီအထောက်အထားများအရ မြတ်ဆံတော်ရှစ်ဆူ ခေတ္တသီတင်းသုံးရာနေရာ ဖြစ်ခဲ့ပြီး ဆံတော်နားစေတီ တည်ထားခဲ့သည်ဟူသော ရှေးဟောင်းပန်းချီ ကားသမိုင်း အထောက်အထားများအရ ဖြစ်ပေသည်။ ပန်းချီကားများနှင့် ထင်ဟပ်ရေးသား ပြုစုကာ ရွှေတိဂုံစေတီတော်သမိုင်း၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီသမိုင်းနှင့် မြတ်မော်တင် သမိုင်းတို့ကို မှီငြမ်းကိုးကား၍ တတ်နိုင်သလောက်ရေးသားပြုစုခြင်းဖြင့် အမှားအယွင်းရှိက ဖြည့်စွက် အကြံပေးနိုင်ကြပါကြောင်း ပညာရှင်ကြီးများအား ခွင့်ပန်အပ်ပါသည်။
သမိုင်းတစ်လျှောက်ထူးခြားဖြစ်စဉ်များ
ထူးခြားဖြစ်စဉ် ၁
ထူးခြားဖြစ်စဉ် ၂
ထူးခြားဖြစ်စဉ် ၃
မျက်မှောက်ခေတ် သာသနာတော် ထိန်းသိမ်းစောင့်ရှောက်မှု







