ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံခဲ့သော မင်းများနှင့် ဆရာတော်ရုပ်ထုတော်များ

ဓနုတ်စေတီတော်မြတ်ကြီး ပြိုကျပျက်စီးခြင်း၊ ပြန်လည်တည်ထားကိုးကွယ်ခြင်း မှတ်တမ်း

စဥ်

အကြိမ်အရေအတွက်

ပြိုကျသည့်ခုနှစ်သက္ကရာဇ်

ပြိုကျသည့်ဖြစ်စဥ်

ပြန်လည်တည်ထားသည့်ခုနှစ်သက္ကရာဇ်

ပြန်လည်တည်ထားသည့်ဖြစ်စဥ်

ပထမအကြိမ်

သာသနာသက္ကရာဇ်(၁၈၈၃)ခုနှစ်

ကောဇာသက္ကရာဇ် (၇၀၁)ခုနှစ်

ခရစ်သက္ကရာဇ် (၁၃၃၉)ခုနှစ်

ဟံသာဝတီဘုရင်ဗညားဦးလက်ထက်တွင်ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့သည်။

သာသနာသက္ကရာဇ်(၁၈၉၇)ခုနှစ်

ကောဇာသက္ကရာဇ် (၇၁၅)ခုနှစ်

ခရစ်သက္ကရာဇ် (၁၃၅၃)ခုနှစ်

ဟံသာဝတီဘုရင်ဗညားဦး၏ အမိန့်အရ လက်ခိုက်မြို့စား သံဗြတ်မှ ပြန်လည်တည်ခဲ့သည်။ တိုက်စေတီပုံမှသင်းတိုက်စေတီသို့ပြောင်းလဲတည်ထားခဲ့သည်။

ဒုတယအကြိမ်

သာသနာသက္ကရာဇ်(၁၉၃၇)ခုနှစ်

ကောဇာသက္ကရာဇ် (၇၅၅)ခုနှစ်

ခရစ်သက္ကရာဇ် (၁၃၉၃)ခုနှစ်

သုတသောမ ရာဇာဓိရာဇ်လက်ထက်တွင် ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့သည်။

သာသနာသက္ကရာဇ်(၁၉၃၈)ခုနှစ်

ကောဇာသက္ကရာဇ် (၇၅၆)ခုနှစ်

ခရစ်သက္ကရာဇ် (၁၃၉၄)ခုနှစ်

ဘုရင်သုတသောမ ရာဇာဓိရာဇ်သည် ဓနုတ်ကင်းသူကြီး “ထဗ”  ကို တာဝန်ပေး၍ (၄၅)တောင် (၆၇.၅ပေ)မြင့်သော စေတီကို ပြန်လည်တင်လှူခဲ့သည်။

တတိယအကြိမ်

သာသနာသက္ကရာဇ်(၂၀၀၁)ခုနှစ်

ကောဇာသက္ကရာဇ် (၈၁၉)ခုနှစ်

ခရစ်သက္ကရာဇ် (၁၄၅၇)ခုနှစ်

ဘုရင်မကြီး ရှင်စောပုလက်ထက်တွင် ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့သည်။

သာသနာသက္ကရာဇ်(၂၀၀၇)ခုနှစ်

ကောဇာသက္ကရာဇ် (၈၂၅)ခုနှစ်

ခရစ်သက္ကရာဇ် (၁၄၆၄)ခုနှစ်

ဘုရင်မကြီးရှင်စောပုသည် (၆၅)တောင် (၉၇.၅ပေ) မြင့်သော စေတီတည်ပြီး ထီးတော် ပြန်လည်တင်လှူခဲ့သည်။

စတုတ္တအကြိမ်

သာသနာသက္ကရာဇ်(၂၁၀၈)ခုနှစ်

ကောဇာသက္ကရာဇ် (၉၂၆)ခုနှစ်

ခရစ်သက္ကရာဇ် (၁၅၆၄)ခုနှစ်

ဘုရင့်နောင်မင်းတရား လက်ထက်တွင် ပြိုကျခဲ့သည်။

သာသနာသက္ကရာဇ်(၂၀၀၈)ခုနှစ်

ကောဇာသက္ကရာဇ် (၉၂၆)ခုနှစ်

ခရစ်သက္ကရာဇ် (၁၅၆၄)ခုနှစ်

ဘုရင့်နောင်မင်းတရားသည် အတောင် (၉၀) (၁၃၅ပေ) မြင့်သော စေတီတော်သစ်ကို ပြန်လည်တည်ထားကိုးကွယ်ခဲ့သည်။

ပဥ္စမအကြိမ်

သာသနာသက္ကရာဇ်(၂၁၉၈)ခုနှစ်

ကောဇာသက္ကရာဇ် (၁၀၁၆)ခုနှစ်

ခရစ်သက္ကရာဇ် (၁၆၅၄)ခုနှစ်

သာလွန်မင်းတရားလက်ထက်တွင် ပြိုကျခဲ့သည်။

သာသနာသက္ကရာဇ်(၂၁၉၈)ခုနှစ်

ကောဇာသက္ကရာဇ် (၁၀၁၆)ခုနှစ်

ခရစ်သက္ကရာဇ် (၁၅၆၄)ခုနှစ်

သာလွန်မင်းသည် ဓနုတ်ကင်းမှ ရရှိသော အခွန်ငွေများဖြင့်  ပြန်လည် တည်ထားကိုးကွယ်ခဲ့သည်။

ဆဌမအကြိမ်

သာသနာသက္ကရာဇ်(၂၃၅၄)ခုနှစ်

ကောဇာသက္ကရာဇ် (၁၁၇၂)ခုနှစ်

ခရစ်သက္ကရာဇ် (၁၈၁၀)ခုနှစ်

ဘိုးတော်မင်းတရား(ခေါ်) ဗဒုံမင်းလက်ထက်တွင် ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့သည်။

သာသနာသက္ကရာဇ်(၂၃၅၅)ခုနှစ်

ကောဇာသက္ကရာဇ် (၁၁၇၃)ခုနှစ်

ခရစ်သက္ကရာဇ် (၁၈၁၁)ခုနှစ်

ဘိုးတော်မင်းတရား(ခေါ်) ဗဒုံမင်း၏  တာဝန်ပေးအပ်ချက်အရ ဓနုတ်ကင်းသူကြီးမှ ပြန်လည်ပြုပြင် တည်ဆောက်ခဲ့သည်။ ဗဒုံမင်းပို့လိုက်သော ကြေးထီးတော်သစ်ကို ရန်ကုန်မြို့ဝန် မင်းလှနော်ရထာက ထီးတော်ကို တင်လှူခဲ့သည်။

သတ္တမအကြိမ်

သာသနာသက္ကရာဇ်(၂၄၃၃)ခုနှစ်

ကောဇာသက္ကရာဇ် (၁၂၅၁)ခုနှစ်

ခရစ်သက္ကရာဇ် (၁၈၈၉)ခုနှစ်

ငလျင်ဒဏ်ကြောင့် ခေါင်းလောင်းပုံထိပ်မှ အထက်ပိုင်းသည် လျှောဆင်းပြိုကျခဲ့သည်။

သာသနာသက္ကရာဇ်(၂၄၃၄)ခုနှစ်

ကောဇာသက္ကရာဇ် (၁၂၅၂)ခုနှစ်

ခရစ်သက္ကရာဇ် (၁၈၉၀)ပြည့်နှစ်

 

သာသနာသက္ကရာဇ်(၂၄၅၉)ခုနှစ်

ကောဇာသက္ကရာဇ် (၁၂၇၇)ခုနှစ်

ခရစ်သက္ကရာဇ် (၁၉၁၅)ခုနှစ်

ကမာကဆစ် လယ်ပိုင်ရှင် ဦးကြည်က (၅၅)တောင် (၈၂.၅ပေ) ခန့်မြင့်သော စေတီငုတ်တိုပေါ်တွင် (၉) တောင် (၁၃.၅ပေ) မြင့် စေတီငယ်တစ်ဆူ တည်ထားကိုးကွယ်ခဲ့သည်။

 

၎င်းနောက်ဦးကြည်၏သားဖြစ်သူ ကမာကဆစ် ဆန်စက်သူဌေး ဦးဖိုးခင်က (၁၂၄)တောင် (၁၈၆ပေ) မြင့်သော စေတီအဖြစ် တည်ထားကိုးကွယ်ခဲ့သည်။

အဋ္ဌမအကြိမ်

သာသနာသက္ကရာဇ်(၂၅၅၀)ခုနှစ်

ကောဇာသက္ကရာဇ် (၁၃၆၈)ခုနှစ်

ခရစ်သက္ကရာဇ် (၂၀၀၆)ခုနှစ် ဇွန်လ( ၂၇)ရက်

ဆူနာမီဒဏ်ကြောင့် စေတီတော်တွင် အက်ကွဲကြောင်း ထင်လာပြီး ၂၇-၆-၀၆ ရက်နေ့၊ ၀၃၁၅ ချိန်တွင် စိန်ဖူး၊ ငှက်မြတ်နား၊ ငှက်ပျောဖူးနှင့် စေတီတစ်ခြမ်း ပထမအကြိမ် ပြိုကျခဲ့ပြီး ၁၇-၈-၀၆ ရက်နေ့ ၁၄၄၅ ချိန်တွင် ထပ်မံပြိုကျကာ စေတီငုတ်တိုအဖြစ်ကျန်ရစ်ခဲ့ပါသည်

သာသနာသက္ကရာဇ်(၂၅၅၃)ခုနှစ်

ကောဇာသက္ကရာဇ် (၁၃၇၁)ခုနှစ်

ခရစ်သက္ကရာဇ် (၂၀၀၉)ခုနှစ်

အများပြည်သူကောင်းမှုဖြင့် ကောဇာသက္ကရာဇ် (၁၃၇၀)ပြည့်နှစ် သီတင်းကျွတ်လပြည့်နေ့ ခရစ်သက္ကရာဇ် ၂၀၀၈ ခုနှစ် အောက်တိုဘာလ (၁၄)ရက်နေ့ (၀၈၁၈) အချိန်တွင် စတင် ပန္နရိုက် တည်ဆောက်ခဲ့ပြီး ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ ကဆုန်လဆန်း (၁၄)ရက် ခရစ်သက္ကရာဇ် ၂၀၀၉ ခုနှစ်၊ မေလ (၇)ရက်နေ့ ( ၀၇၃၀)အချိန်တွင် ထီးတော်သစ် တင်လှူခဲ့ပါသည်။

နဝမအကြိမ်

သာသနာသက္ကရာဇ်(၂၅၅၃)ခုနှစ်

ကောဇာသက္ကရာဇ် (၁၃၇၁)ခုနှစ်

ခရစ်သက္ကရာဇ် (၂၀၀၉)ခုနှစ် မေလ (၃၀)ရက်

ကောဇာသက္ကရာဇ်( ၁၃၇၁) ခုနှစ်၊ နယုန်လဆန်း( ၇) ရက်၊ ခရစ်သက္ကရာဇ် ၃၀-၅-၂၀၀၉ ရက်နေ့ ၁၄၄၅ ချိန်ခန့်တွင် ရာသီဥတုဒဏ်ကြောင့် ပြိုကျခဲ့သည်။

သာသနာသက္ကရာဇ်(၂၅၅၃)ခုနှစ်

ကောဇာသက္ကရာဇ် (၁၃၇၃)ခုနှစ်

ခရစ်သက္ကရာဇ် (၂၀၁၂)ခုနှစ်

ကျိုက်ထီးဆောင်းဆရာတော်ကြီးမှ ဦးဆောင်၍ ဇေကမ္ဘာကုမ္ပဏီမှ ပင်မဒါယကာအဖြစ်ခံယူပြီး ခုနှစ်ရက်သား သမီးများပေါင်းစုကာ ၁၃၇၃ ခုနှစ် တပေါင်းလဆုတ် (၇) ရက်၊ (၂၉.၃.၂၀၁၂)ရက် ၁:၃၀ ချိန်တွင် ပန္နရိုက် မင်္ဂလာအခမ်းအနား ပြုလုပ်ပြီး တန်ခူးလဆုတ် (၁၄)ရက် ( ၂၀.၄.၁၂)နေ့တွင် စတင်တည်ထားခဲ့ပြီး ၁၃၇၄ ခုနှစ် တပေါင်းလဆန်း ၃.၄.၅ ခရစ်နှစ် ၂၀၁၃ ခုနှစ် မတ်လ ၁၄.၁၅.၁၆ ရက်တွင် စေတီတော်တင်လှူခဲ့သည်။